အပိုင်း ၂၄
မာရီအန်းက တစ်ဖက်လှည့်ကာ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီးကာမှ ရပ်လိုက်သည်။
"အထိန်းတော်ချုပ်။"
"ဟုတ်ကဲ့။"
"ပတ်ဝန်းကျင်ကို သေသေချာချာ စီမံခန့်ခွဲနေပါတယ်နော်။"
"ဂရုစိုက်ပြီး စီမံခန့်ခွဲနေပါတယ်။"
မိဖုရား၏ မှတ်ဉာဏ်ပျောက်ဆုံးမှုမှာ လူအနည်းငယ်သာသိထားသော လျှို့ဝှက်ချက်ပင်။ မှတ်ဉာဏ်များ ပျောက်သွားပြီးကတည်းက မိဖုရားတစ်ယောက် တခြားလူဖြစ်သွားသလို ပြောင်းလဲသွား၏။ အချိန်တရွေ့ရွေ့ ကုန်လာသည်နှင့်အမျှ မိဖုရား၏ အပြောင်းအလဲကို ရိပ်မိကြသူများက ကောလာဟလများ ဖြန့်ကြပေလိမ့်မည်။
မိဖုရားက ကောလာဟလများထဲတွင် ပြောစရာအကြောင်းအရာ ဖြစ်လာခြင်းမှာ ကောင်းသည့်အရာမဟုတ်။ စကားများ ချဲ့ကားသွားလျှင် ထူးဆန်းစွာ လမ်းကြောင်းလွဲမှားယွင်းသည့်အကြောင်းအရာများ ဖြစ်သွားတတ်သောကြောင့်ပင်။
ထို့ကြောင့် မိဖုရားအား တိုက်ရိုက်ခစားအလုပ်အကျွေးပြုမည့် ရံရွေတော်မိန်းကလေးများကို ဂရုတစိုက်ရွေးချယ်ကာ အရေအတွက်ကိုလည်း လျှော့ချခဲ့သည်။ အစီအစဉ်က မိဖုရား၏ အပြောင်းအလဲများကို ဖြည်းဖြည်းချင်း ဖော်ထုတ်ကာ လူတွေကို အလွန်တရာ အံ့အားသင့်မှုမဖြစ်စေဘဲ လက်ခံစေရန်ဖြစ်၏။
ဆာရာက မိဖုရားကို အနီးကပ် စောင့်ကြည့်နေကြသည့် ရံရွေတော်မိန်းကလေးများကို တစ်ဦးချင်းစီ နေ့စဉ် စစ်ဆေးမေးမြန်းလေ့ရှိသည်။
"ဟိုကလေးကရော။"
မာရီအန်းက အခုတလော မိဖုရားနှင့် အရင်းနှီးဆုံး ရံရွေတော်ဖြစ်လာကာ တစ်ယောက်တည်းနီးပါး အလုပ်အကျွေးပြုနေသည့် ဂျီးန်အကြောင်း မေးလိုက်သည်။ ဆာရာက နာမည်ထည့်ပြောစရာမလိုဘဲ နားလည်ကာ ပြန်ဖြေခဲ့သည်။
"ပင်ကိုက သိမ်မွေ့ပြီး သိုသိုသိပ်သိပ် နေတတ်တဲ့ကလေးမို့လို့ စိတ်မပူလည်းရပါတယ်။"
"ငြိမ်ငြိမ်လေးရပ်နေရင်တောင် ပတ်ဝန်းကျင်မှာ ခလောက်ဆန်ချင်ကြတဲ့သူတွေ ရှိမှာပါ။"
![](https://img.wattpad.com/cover/361948787-288-k281668.jpg)
YOU ARE READING
နောက်ဆုံးခရီး နိဋ္ဌိတံသော်
Romance🚨🚨🚨 သတိပေးချက် - ဒီဝတ္ထုမှာ အရွယ်မရောက်သေးသူတွေ ဖတ်ရှုဖို့မသင့်တော်တဲ့ အကြောင်းအရာတွေ ပါဝင်မှာဖြစ်ပါတယ်။ [ကိုယ်တိုင်ရေးမဟုတ်။ အပျော်တမ်း ဘာသာပြန်ဆိုရုံသာ။ မူရင်းဖန်တီးသူအား အပြည့်အဝ ခရက်ဒစ် ပေးပါသည်။]