အပိုင်း (၁)

1.7K 1 0
                                    


အခန်း ( ၁ )

" ဒေါင် ... ဒေါင် ... ဒေါင် ဒေါင် ဒေါင် "

" ဟ ... ဘာသံလည်း ... မောင်ခြိမ့် "

ဦးကြီးသာဝက မီးမွှေးရင်း ကျုပ်ကို လှမ်းနေတာဗျ။အုတ်ခဲ၅လုံး ဖိုခနောက်ဆိုင်ဆင့် မိုးပြဲဒယ်နဲ့ ရေထည့်ပြီး ဝက်သားပြုတ်နေတာဗျို့။နက်ဖန် ရွာကထိန် ဆွမ်းလောင်းဖို့ပါ။ကာလသားတွေ စုပြီး လုပ်အားပေးကြပေါ့ဗျာ။ရုတ်တရက် ရွာရဲ့ မြောက်ဘက်ခြမ်း ကင်းတဲက သံချောင်းခေါက်သံထွက်လာလို့ပါ။

" မြောက်ပိုင်းက သံချောင်းခေါက်တာ ဦးကြီးသာဝ "

" မီးလောင်တာ များလား ကြည့်ကြဦးဟ အောင်ကြီးနဲ့ မောင်တိုး "

ကျုပ်မေးပြီးတာနဲ့ ထင်းခွဲနေတဲ့အောင်ကြီးတို့ကို လှမ်းပြော နေသေးတာဗျို့။

" ဘာမှတော့ မမြင်ရဘူး ဦးကြီးရ "

မောင်တိုးက ပြန်ဖြေနေတာပါ။မကြာပါဘူးဗျာ အရှေ့ရော အနောက်ရော တဒေါင်ဒေါင်နဲ့ဗျို့။ဒါနဲ့ ကျုပ်လည်း အောင်ကြီးကို လှမ်းအော်လိုက်ရတာပေါ့။

" ဟျောင့် အောင်ကြီး ... ငါတို့လည်းခေါက်ကွာ "

" ဒေါင် ဒေါင် ဒေါင် ဒေါင် ဒေါင် "

အောင်ကြီးလည်း ခွဲလက်စ ထင်းတွေထားခဲ့ပြီး ခပ်လှမ်းလှမ်းက ကင်းတဲဆီပြေးခေါက်တော့တာပဲ။တစ်ရွာလုံး သံချောင်းခေါက်သံတွေ ဆူညံလာတော့ လူတွေလည်း ရွာလယ်လမ်းပေါ် ထွက်လာကြပါလေရော။

" မောင်ခြိမ့် ဘာဖြစ်တာလဲကွ မီးလောင်တာလား "

ဘိုးပု က တိုက်ပုံအင်္ကျီအနက်နဲ့ အတွင်းက ဘာမှခံဝတ်မထားပဲ ပုဆိုးကွက်ကြားတိုတိုဝတ်ရင်း လမ်းပေါ်ကနေလှမ်းမေးနေတာဗျ။

" မသိသေးဘူး ဘိုးပုရေ မြောက်ပိုင်းက စခေါက်တာဗျို့ "

ည ၂ ချက်တီးဆိုပေမယ့် မီးဖိုက အလင်းရောင်ကြောင့် ခပ်လှမ်းလှမ်းနားထိ ရှင်းရှင်းလင်းလင်း မြင်နေရတာဗျ။ကျုပ် ဘိုးပုနဲ့စကားပြောတုန်း အောင်ကြီးနဲ့ မောင်တိုးက ပုဆိုးစလွယ်သိုင်းပြီး ရွာမြောက်ခြမ်းဘက် ပြေးထွက်သွားပြီဗျို့။

မြစမ်းကြည်Where stories live. Discover now