26

32.2K 2.3K 436
                                    

​ကျောင်းမှ ပြန်​ရောက်ပြီးကတည်းက စာလုပ်​နေသည့် မြင့်မိုရ်မှာ ​ရေ​တောင် မချိုးရ​သေး​​ပေ။ အတည်အတံ့ စာကြိုးစား​နေသည်။  ဥဂ္ဂံ ​ရေချိုးခန်းထဲမှ ထွက်လာပြီး ခုတင်​ပေါ် ထိုင်လိုက်ပြီး ​ဆံပင်ကို ​ရေသုတ်​နေရင်း မြင့်မိုရ်အား လှမ်းကြည့်၏။

" ကိုကို့ကို ကြည့်ရတာ စိတ်အ​ခြေအ​နေ သိပ်မ​​ကောင်းသလိုပဲ။အပြင်ထွက်ပြီး ညဘက်​လျှောက်လည်ကြမလား။ ဒါမှမဟုတ် စိတ်ထွက်​ပေါက်ဖြစ်​​အောင် သီချင်းဆိုခန်း ​​ခေါ်သွားရမလား။ "

မြင့်မိုရ်က ​ဘောပင်​လေးကိုချကာ ဥဂ္ဂံအား လည်ပြန်ကြည့်ရင်း မျက်နှာ​လေး မဲ့ကာ​ပြော၏။

" စာ​တွေ ကျန်​သေးတယ်။ မလိုက်​တော့ဘူး။ ကိုလင်းတို့ ညီအစ်ကိုပဲ သွားလိုက်ကြ​တော့။ "

ဥဂ္ဂံက ခုတင်မှ ထလာကာ မြင့်မိုရ်၏ ​​ဘေးတွင် ဝင်ထိုင်လိုက်ပြီး ကျက်​နေသည့် စာရွက်​ကို လှန်ကြည့်သည်။

" သိပ်မကျန်​​တော့ပါဘူး။ အပြန်မှကျက်​လေ။ ကိုယ်လည်း စာလုပ်စရာ​​တွေ ရှိ​သေးတယ်။ "

မြင့်မိုရိက ​ခေါင်းရမ်းသည်။

" မလိုက်​တော့ဘူး။ သီချင်းဆိုရတာလည်း ဝါသနာမပါဘူး။ "

ဥဂ္ဂံ ဘယ်လိုပဲ​ခေါ်ပါ​စေ။ မြင့်မိုရ်ကငြင်းသည်။ ​နောက်ဆုံးမှာ ဥဂ္ဂံက မြင့်မိုရ်၏ ခါးမှ ​​ပွေ့ကာ ​ရေချိုးခန်းတွင်း အားသုံး​ခေါ်သွားပြီး ​ရေအတင်းချိူးခိုင်းလိုက်ရသည်။

" မလိုက််ချင်ပါဘူးဆို။ "

မြင့်မိုရ် တစ်လမ်းလုံး တတွတ်တွတ် ​ငြင်းလာသည်မှာ ​နောက်ဆုံး သီချင်းဆိုခန်းထဲ ​ရောက်သည်အထိပင်။ သီးသန့်ခန်းအတွင်းသို့ မြင့်မိုရ်က ပျင်းတိပျင်းရွဲ့ ဝင်ထိုင်လိုက်သည်။

အခန်းအတွင်းတွင် ခပ်​နွေး​​နွေးမီး​ရောင်​လေးသာ ထွန်းထားသည်။လိုက်ပို့သည့် ဝန်ထမ်း​လေး ပြန်ဖို့ ပြင်​​​နေတော့ မြင့်မိုရ်က အမြန် မှာလိုက်သည်။

" ကြက်သားပြား​ကြော်ရယ် ပင်စိမ်းထမင်း​ကြော်တစ်ပွဲ ကြက်သားနဲ့ရယ် ​ရေသန့်ဘူးတစ်ဘူး လာပို့​ပေးပါဦး​နော်။ "

Youth , Sweet Love  (Completed)Where stories live. Discover now