ငါးဆယ့္ခုနစ္(U±Z)

2.2K 145 6
                                    

Unicode

ကြည်လင်ပြောင်လက်နေတဲ့မှန်စားပွဲပေါ်၌
အုန်းသီးနဲ့ငှက်ပျောဖီးတွေပါသည့် ကန့်တော့ပွဲတစ်ပွဲနဲ့ လက်ဝတ်ရတနာတွေထည့်ထားတဲ့အနီရောင်လေးထောင့်
ဘူးလေးဟာ လှပစွာနေရာယူထားလေသည်။ထိုပစ္စည်းတွေနဲ့အတူ စာရွက်တစ်ချို့နဲ့ သော့တွဲလေးတွေကိုလည်း မြင်နေရသည်။သက်မဲ့ပစ္စည်းတွေနဲ့ သက်ရှိလူတစ်ယောက်ကို
လဲလှယ်မည့်ပွဲလို့ပြောရင် ရယ်စရာဖြစ်သွားမလား။အသေအချာပြောရရင် မောင်နဲ့နုရဲ့အသက်ကလေးကို သူစိမ်းအမျိုးသားတစ်ယောက်က လာရောက်တောင်းရမ်းခြင်းပင်။
မြင်ကွင်းသည် လှပပျော်ရွှင်ဖွယ်ရှိသော်လည်း မောင့်အတွက်တော့ လွမ်းဆွေးဖွယ်ကောင်းလွန်းနေသည်။

"ကျွန်တော်တို့ရဲ့သားကသမီးလေးမြူနှင်းကို သဘောကျနှစ်သက်လို့ လာရောက်တောင်းရမ်းတာကို လက်ခံပေးစေချင်ပါတယ်"

"ဟုတ်ကဲ့ ကျွန်မတို့ဘက်ကလက်ခံပါတယ်"

          ချက်ချင်းတုံ့ပြန်ဖို့တွန့်ဆုတ်နေတဲ့မောင့်ကြောင့် နုကသာ ဝင်ဖြေလေသည်။အသံတွေတုန်ယင်မည့်မောင်ထက်စာရင် နုဝင်ပြောလိုက်တာက ပိုသင့်တော်မည်မဟုတ်လား။

"မင်္ဂလာပွဲကိုတော့ ကျွန်မတို့ဘက်က ခမ်းခမ်းနားနားလုပ်ပေးမှာပါ။နောက်ပြီး ဒီဘက်ကအစ်မတို့ရဲ့သဘောအတိုင်းဆောင်ရွက်ပေးမှာပါ"

"ဟုတ်ကဲ့။ကျွန်မတို့ဆန္ဒထက်သားနဲ့သမီးရဲ့
ဆန္ဒကပိုအရေးကြီးပါတယ်။သားနဲ့သမီးအဆင်ပြေရင်တော့ ကျွန်မတို့ဘက်က အထွေအထူးပြောစရာမရှိပါဘူး"

           အဘက္ဘက္က ပြည့်စုံနေတဲ့သူနဲ့တွေ့သွားသည်မို့ မြူနှင်းအတွက် ဝမ်းသာကျေနပ်နေကြသည်။ကိုယ်တိုင်ရွေးချယ်ထားသည့်သူမို့ အထွေအထူးစိုးရိမ်စရာမရှိတာလည်း နုတို့အတွက် ကံကောင်းမှုတစ်ခုလိုပင်။ချစ်ရတဲ့သူရဲ့ဘေးမှာ ပြုံးပျော်နေတဲ့ မြူနှင်းလေးကိုကြည့်ကာ ကြွယ်နဲ့ဧကရီမှာ ပီတိများဖြစ်မိသည်။ငယ်စဉ်ကတည်းကသမီးလေးတစ်ယောက်လိုချစ်ခဲ့ရတဲ့ မြူနှင်းကို အခုလိုလေးတွေ့ရတော့ ကြွယ်တို့လည်း ဝမ်းသာကျေနပ်ကြသည်။

"မောင့်ကြင်နာသူ"Where stories live. Discover now