🧝Chapter 60
ကျန်းမြန်သည် လီကျောက်တိက သိရက်နှင့် မပြောခဲ့ဟု စိတ်ထဲမှာတစ်ထစ်ချတွေးထားခဲ့သည်။ယခု လီကျောက်တိ အံ့အားသင့်သွားသည်ကိုတွေ့ရာတွင် သရုပ်ဆောင်ကောင်းသည်ဟုသာ ထင်မြင်ကာ စိတ်သိပ်မရှည်တော့ပေ။သူမ တိုက်ရိုက်ပြောလိုက်သည်။
"ဟုတ်တယ် ဒါက ကိစ္စအကြီးကြီးပဲ... ငါတို့လိုအမေဘက်ကမိသားစုက ဘေးလူတွေဆီက ကြားမှသိရတယ်ဆိုတာ ရယ်စရာကောင်းတယ်...ပြီးမှ ငါအမေ့ကို သွားပြောရမယ်... တိမေ့လည်း ရှင်းပြသင့်တယ်နော်"
လီကျောက်တိ ဘာရှင်းပြနိုင်ပါမည်နည်း။ရန်သာ့လန်ဆီက ငွေခြောက်တေးတောင်းပြီးကတည်းက အိမ်မသိအောင် ဖုံးကွယ်၍ ပိုက်ဆံတွေသုံးခဲ့သည်။ယခု ရန်သာ့လန်တို့မိသားစုက အပြာရောင်အုတ်ကြွပ်မိုးအိမ် ဆောက်ထားသည်ကို ကြားသောအခါ ဘာကြောင့်မှန်းမသိ သူမ မကောင်းသည့်ခံစားချက်ရနေ၏...
ထို့နောက် သူတို့နှစ်ဦး လောင်ပေါ်ဇီရှေ့သို့ ရောက်လာကြသည်။
အပြာရောင်အုတ်များဖြင့် အိမ်ကြီးကြီးတစ်လုံးဆောက်ထားကြောင်း ကြားသောအခါ အဘွားကြီး၏မျက်လုံးများ တောက်ပလာသည်။သူမ ကျန်းမြန်၏ ညည်းညူသံကိုကြားလိုက်ရ၏။
"တွေးကြည့်ပါဦး...ဟယ်ကောအာ သာ့လန်နဲ့လက်ထပ်တုန်းက သတို့သမီးကြေးကို မရလုနီးပါးပဲ...အစပိုင်းတုန်းကတော့ သူ့မိသားစု ဒုက္ခရောက်နေတာကို တွေ့လို့လေ... အခု သူက ချမ်းသာလာပြီ...စောဒကတက်ဖို့က များလွန်းမနေဘူး မလား"လီကျောက်တိ ချွေးစေးပြန်လာသည်။ဒီလိုအကြောင်းပြချက်မျိုးကို သူမကိုယ်တိုင်က မသုံးသင့်ဘူးလေ...
လောင်ပေါ်ဇီက ခေါင်းညိတ်ပြီးဆို၏။
"အဲဒါက အဓိပ္ပာယ်ရှိတယ်...တတိယချွေးမ၊ ဒုတိယချွေးမ ပြောတဲ့အတိုင်း လုပ်လိုက်...နင်က ဟယ်ကောအာရဲ့အမေပဲ...နင်ဆုံးဖြတ်ဖို့ပဲ သင့်တယ်"သို့ပေမဲ့ လီကျောက်တိ မည်သို့ ပြောရဲပါမည်နည်း။ရန်သာ့လန်၏လက်ထဲတွင် စာရွက်နှစ်ရွက် ရှိနေသေးသည်။
သူမက ချက်ချင်း ခေါင်းယမ်းပြီးဆိုလိုက်၏။
"ဒါက ဘယ်လိုလုပ်ဖြစ်မှာလဲ...အမေ သတို့သမီးကြေးက ဘယ်လောက်ပဲ ပေးပါစေ၊ ကျွန်မတို့ မိသားစုက သဘောတူပြီးပြီလေ... အခုမှ ပိုက်ဆံထပ်တောင်းရင် လွန်ရာကျမယ်... ကျွန်မတို့ကို အာရုံမစိုက်ဘဲနေလိမ့်မယ်"

YOU ARE READING
[COMPLETED]ကောငယ်လေး၏စတိုရီ(ဘာသာပြန်)
FantasyUpdate - Tuesday and Saturday (2chapters A week) Zawgyi user များအတွက် Tele channel မှာ pdf file ရှိပါတယ်ရှင်