"သူ..သတိမရမချင်း ပါးစပ်ကနေ တစ်စက်ချင်းချပေး.."
သခင်ကြီးသည် အငွေ့တစ်ထောင်းထောင်းထနေသော စိမ်းဖန့်ဖန့်အရည်များထည့်ထားသည့် ကြေးခွက်ကို အဖိုးအိုထံသို့ တွန်းပို့သည်။ နှာခေါင်းထဲတွင် အသားကင်အနံ့နှင့် သစ်သီးဖျော်ရည်လို အနံ့မျိုးလည်းရနေသေးသည်။
"သူနိုးလာရင် ကျုပ်ကိုပြော.."
သခင်ကြီးသည်ပြောပြီး အိမ်အနောက်ဖက်က အခန်းထဲပြန်ဝင်သွားသည်။ ထိုအခန်းထဲတွင် မီးရောင်ထိန်လင်းနေသည်။ အသားကင်အနံ့နှင့် သစ်သီးဖျော်ရည်နံ့သည် ထိုအခန်းထဲမှ လာခြင်းဖြစ်သည်။
အဖိုးအိုသည် ရှည်ရှည်ဝေးဝေးစဉ်းစားမနေဘဲ ကြေးခွက်ကိုကိုင်ကာ သခင်ငယ်ရှိရာအခန်းဆီသို့ ဉီးတည်လာခဲ့သည်။
ကြီးမားသောအခန်းတံခါးကြီးကို ဖွင့်လိုက်သည်ဆိုရင်ပဲ မနှစ်မြို့ဖွယ်ရာ သွေးညှီနံ့စူးစူးကြောင့် အဖိုးအိုက မျက်မှောင်ကျုံ့သွားသည်။ ထို့နောက်မြင်လိုက်ရသည့် အရာများကြောင့် အဖိုးအိုမျက်လုံးပြူးသွားသည်။
သွေးညှီနံ့တွေ ထောင်းထောင်းထနေသည့်အခန်းထဲ ကြမ်းပြင်ပေါ်ကျဲပြန့်နေသော သွေးကွက်များနှင့် အသားစတွေ..။ နံရံပေါ်မှာတော့ စိုတစ်ဝက်ခြောက်တစ်ဝက်ဖြင့် စေးပျစ်နေသော သွေးစီးကြောင်းများ..။
ခြေရင်းဘက်နံရံ၏ နေရာတစ်ခုမှာတော့ အတော်ပင်ကြီးမားသော သွေးကွက်ကြီးတစ်ကွက် ..။
ထိုသွေးကွက်ကြီး၏အောက်ကြမ်းပြင်တည့်တည့်တွင် အရိုးစ၊ အသားစနှင့် သွေးအလိမ်းလိမ်းကပ်ညိကာ ဖွာထွက်နေသည့် သားကောင်မွှေးလေးတွေ..။
"အဖဘုရား.."
အဖိုးအိုထင်သည့်အတိုင်း သူကြားခဲ့သော ပစ်ပေါက်သံသည် ယုန်သားပေါက်ကလေးအား အုတ်နံရံနှင့်မသေမချင်း ရိုက်သတ်ခဲ့ခြင်းပင်..။
"ရက်စက်လိုက်တာ.."
မျက်စိရှေ့က စိတ်မချမ်းသာဖွယ်မြင်ကွင်းကြောင့် အဖိုးအိုသည် ခေါင်းကိုယမ်းခါရင်း ခက်တိုးတိုးဆိုသည်။
ဆက်လက်၍အိပ်ယာပေါ် ကြည့်လိုက်သည့်အခါ အနက်ရောင်ကုတင်ကြီး၏အလယ်တည့်တည့်တွင် သတိလစ်မေ့မျောနေသော သခင်ငယ်အားတွေ့ရလေသည်။
ESTÁS LEYENDO
The Castle Of Wizard