"စောက် ပါးစပ်ကို ပိတ်ထား"
ကြောက်စရာကောင်းတဲ့လူကြီးက ဇေဇေ့ကိုကြိမ်းမောင်းပြီး လမ်းဘေးက မြက်ပင်ရိုင်းတွေပေါ်ကို တွန်းချပစ်လိုက်တယ်။ ခုခံဖို့တောင် မလုပ်လိုက်နိုင်ဘဲ ပစ်စလတ်ခတ် လမ်းဘေးကို ဇေဇေပြုတ်ကျသွားတဲ့အချိန် ကြောင်အသွားတာအမှန်ပဲ။
သူ လက်တွေတုန်လာပြီး သူ့ကိုအပေါ်စီးက ကြည့်နေတဲ့လူကို ပြန်မော့ကြည့်လိုက်တယ်။ စိတ်တိုတာရော ကြောက်တာရောနဲ့ လူက ပူထူလာတယ်။
"မင်းအဖေနဲ့ အမေကမဆုံးမထားဘူးဆိုတော့ ငါဆုံးမပေးရမှာပေါ့ ။ အဲ့စောက်ချိုးကို ငါတစ်ခါတည်းပြင်ပေးလိုက်မယ် ကြည့်နေ"
တစ်ဖက်လူက လည်ချောင်းထဲက အသံနဲ့ပြောရင်း လမ်းပေါ်ကနေ ဇေဇေရှိနေတဲ့နေရာကို ဆင်းလာတယ်။ ဇေဇေ နေရာကနေ ကုန်းထဖို့ကြိုးစားပေမဲ့ မတ်တပ်မရပ်နိုင်ခင်မှာပဲ သူကဇေဇေ့ကို မြက်ခင်းတွေပေါ်တွန်းချပစ်ပြီး ဝတ်ထားတဲ့တီရှပ်ကို အတင်းဆွဲချွတ်တယ်။
တစ်ဖက်လူရဲ့ရည်ရွယ်ချက်ကို သိတာနဲ့ ဇေဇေ ကြောက်အားလန့်အား အော်ဟစ်ရုန်းတော့တယ်။
#####
၁၀ ပိုင်း - ၈၀၀၀ ကျပ်