အိမ်​မက်​လား တကယ်​လား!

223 11 0
                                    

"Su Ri, ဘယ်​လိုလုပ်​မလဲ?ဟိုမှာရပ်​​စောင့်​​နေကြပြန်​ပြီ

ငါ​ကြောက်​တယ်​ဟ ​ကျောင်းထဲပြန်​၀င်​ပြီး သူတို့သွားမှ ပြန်​ကြမလား"

ကျောင်းဂိတ်​၀မှာ ​ပေတိ​ပေကပ်​ ဂျစ်​ကန်​ကန်​ ရပ်​​နေကြတဲ့​ကျောင်းသားသုံး​ယောက်​ကို မြင်​လိုက်​တာနဲ့ Ji Min က လက်​​မောင်းတစ်​ဖက်​ကို ဆွဲထားလိုက်​တာမလွှတ်​​တော့။

"ငါတစ်​​ယောက်​လုံးရှိ​နေတာကို ဘာ​ကြောက်​စရာလိုလဲ

နင်​အဲလို​ကြောက်​တတ်​​နေလို့ ဟိုကနင့်​ကို အနိုင်​ကျင့်​လို့ရ​နေတာ​ပေါ့ ပုံမှန်းအတိုင်းပဲ​နေ ဟုတ်​ပြီလား"


Ji Min က​ခေါင်းကသာငြိမ့်​သည်​။ ဆွဲထားတဲ့လက်​ကို​တော့လွှတ်​မ​ပေး​ပေ။ ကဲ ရှိ​စေ​တော့...။

ကျောင်းသား သုံး​ယောက်​ထဲက ဂင်​တိုတိုနဲ့တစ်​​ယောက်​က Ji Min ကိုမြင်​​တော့ စပ်​ဖြီးဖြီး မျက်​နှာပိုး နဲ့လက်​တစ်​ဖက်​​မြှောက်​ပြရင်း.....

"Ji Min ,oppa လာတယ်​​နော်​ "

"Su Ri,ဟိုမှာနှုတ်​ဆက်​​နေတယ်​ဟ ငါဘာလုပ်​ရမလဲ?"

"ဘာလုပ်​ရမှာလဲ ...ပြန်​နှုတ်​ဆက်​လိုက်​​ပေါ့"

"ဟင်​!....တကယ်​လား"

"ရွဲ့​ပြောတာ ..ငါ​ပြောသလို​နေစမ်းပါ သူတို့ရှိ​နေတာဂရုစိုက်​မ​နေနဲ့ မမြင်​ချင်​​ယောင်​​ဆောင်​​နေလိုက်​"

သူတို့ကိုမမြင်​ချင်​​ယောင်​​ဆောင်​ပြီး ​ကျော်​​လျှောက်​လာ​တော့ ​နောက်​က​နေလိုက်​လာကြသည်​။ ထင်​ပြီးသားပါ။

အငြိမ်​မလိုက်​ပဲ ပါးစပ်​က​နေ စကား​တွေ တရစပ်​​ပြောလိုက်​လာ​တော့ လူကကြာ​တော့ ​ဒေါပွလာ​တော့သည်​။

"Ji Mi ,ဒီလိုပဲစိမ်းကား​နေ​တော့မှာလား...အ​ဖော်​ပါလာ​တော့ ဂရုမစိုက်​​တော့ဘူးလား"

"Ji Min ,စကားနည်းနည်း​လောက်​​ပြောကြရ​အောင်​ပါ"

"Ji Min,​ပြော​နေတာမကြားဘူးလား ...ရပ်​လိုက်​​တော့​နော်​ မဟုတ်​ရင်​..."

FIRST LOVE-(အချစ်​ဦး) EXO-FANFICTIONWhere stories live. Discover now