알파 트라우마 (Alpha Trauma)

21 7 1
                                    

Synopsis

ဆွန်းဝူယောင်း သည် အယ်လ်ဖာများကို သည်းမခံနိုင်ပေ။ ဤအချင်းအရာမှာ အိုမီဂါ အဖြစ် သတ်မှတ်ခြင်း မခံရခင်ရ‌ရော သတ်မှတ်ခြင်းရခံပြီးချိန် နှစ်ခုလုံးအတွက်မှန်ကန်သည်။

ချွင်းချက်ကတော့ သူ့ရဲ့ အယ်လ်ဖာမဟုတ်တဲ့ သီးသန့် ဂိုက်ဆရာ ပါပဲ။ ထိုကြောင့် ဝူ‌ယောင်းသည် သူ့အား နာမည် မှားခေါ်သည်ကို ပြင်ပေးနိုင်စွမ်းမရှိပေ။ ထိုသည်မှာ သူ့နှလုံးသားလေး အကြိမ်များစွာခုန်အောင် ပြုလုပ်နိုင်စွမ်းရှိသောကြောင့်ဖြစ်သည်။

"ယောင်း-အာ"

" ဆရာ ... စစ်မှုထမ်းရတော့မှာလား ? "

တစ်ဖတ်သတ်ချစ်ခြင်း ၏ လေးနှစ်အကြာတွင် ဝူယောင်းသည် သူ၏ ဆရာတက်ရောက်နေသော တက္ကသိုလ် သို့ ဝင်ခွင့်ရခဲ့သည်။

ထိုသူမှာ သူ့ကို မမှတ်မိခဲ့သော်လည်း ဝူယောင်းသည် ထိုသူအား မြင်မြင်ခြင်း မှတ်မိခဲ့၏။

ကင်ဒိုဟွန်း။

ထိုစကားလုံး သုံးလုံးသည် သူ့၏ နှလုံးသားလေးအား အကြောင်းရင်းမရှိ တဒုတ်ဒုတ်ခုန်အောင်ပြုလုပ်နိုင်စွမ်းရှိ၏ ။

သို့သော်လည်း " ခင်ဗျားက အယ်လ်ဖာလား ? " လို့ သူမေးလိုက်သောအခါ

အရင်က သူ ငြင်းဆန်ခဲ့ဖူးသော်လည်း မှန်ကန်သည့်အချက်မှာ သူ့၏ ဆရာသည် အယ်လ်ဖာ ဖြစ်သည်ဆို သည်ပင်။

သူ ဒီ အချက်ကို သိရှိခဲ့ပါလျှင် ထိုသူအား ကြိုက်ခဲ့မိလိမ့်မည် မဟုတ်ပေ။

အခုအချိန်မှာ အတိတ်ကာလ၏ သဲလွန်စကြိုးထုံးများကို ဖြေလျှော့ ဆန့်တန်းရမည့် အချိန် ဖြစ် သည်။

" ကျွန်တော်က ဆွန်းဝူယောင်းပါ။ ဆွန်းဝူယောင်း "

" ဝူယောင်း.. ။ မင်းရဲ့ နာမည်က ကျွန်တော် စာပြပေးခဲ့တဲ့ ကျောင်းသားတစ်ယောက်ရဲ့ နာမည်နဲ့ တူတယ် "

.......

Luna's note -

ဒါက Omega complex ထဲက second lead ဖြစ်တဲ့ ဒိုဟျောင်း ရဲ့ novel ဖြစ်ပါတယ်။ ကိုယ်က Omega complex ထဲမှာ ဒိုဟျောင်း
ကို သဘောကျလို့ သူ့ရဲ့ novel ကို ဆက်ဖတ်ဖြစ်ခဲ့ပါတယ်။ reader တွေ အနေနဲ့ omegas complex ကို မဖတ်ဖူးရင်တောင် alpha trauma က standalone novel မို့လို့ Omega complex ရဲ့ ဇာတ်ကြောင်းကို မသိထားရင်တောင်ဖတ်လို့ရပါတယ်။ ဒါပေမယ့် ABO manhwa တွေထဲမှာ Omega complex က စာရေးသူသဘောအကျဆုံး manhwa မို့လို့ recommend ပေးပါတယ်။ mature content မို့လို့ underage တွေ မဖတ်ဖို့ အကြံပေးချင်ပါတယ်။

Alpha trauma မှာ MC က တော့ ဆွန်းဝူယောင်း (선우연, Seon Wooyeon ) ဖြစ်ပြီး ML ကတော့ ကင်ဒိုဟျောင်း ( 김도현 , Kim Dohyun) ဖြစ်ပါတယ်။ [ Korean name တွေ သိပ်ပြီး မဖတ်တတ်လို့ အသံထွက် ကို နားထောင်ပြီး ကိုယ်ကြားသလို အနီးဆုံးရအောင်ပြန်ပေးထားပါတယ်။ သိပ်မကိုက်ခဲ့ရင်လည်း သည်းခံဖတ်ပေးကြဖို့ readerလေးတွေ ကို တောင်းဆိုချင်ပါတယ် >< ]

Novel ဖတ်တာ ကြာတဲ့ သူတွေဆို MC , ML termတွေ သိလောက်ပေမယ့် မသိသေးတဲ့ သူတွေ အတွက် ရှင်းပြရရင် MC ( main character) ဆို တာက ဝတ္ထု တစ်ခုလုံးကို သူ့ရဲ့ ရှုထောင့်က ရေးတဲ့ ဇာတ်ကောင်ကို ခေါ်တာပါ။ ML ( main lead ) ကတော့ ဝတ္ထုရဲ့ အရေးပါဆုံး အဓိက ဇာတ်ကောင်ပါ။ မိန်းကလေးဆိုရင် Female lead (FML ) လို့ ခေါ်ပါမယ်။

အခု ဝတ္ထုရဲ့ MC က ဝူယောင်းမို့လို့ ဝတ္ထုရဲ့ စာအများစုက သူ့ရဲ့ ရှုထောင့်ကနေပါ။

ဒီ novel ထဲမှာ Omega complex ရဲ့ MC Yonwoo(ယွန်းဝူး) နဲ့ ML Taegyeom (ထယ်ဂယောင်း) တို့ရဲ့ cameo လည်းပါ မှာ မို့လို့ အလွမ်းပြေဖတ်ဖို့ကောင်းပါတယ်။ <3

Alpha trauma manhwa လည်း တလောက ထွက်လာတာမို့လို့ mangago လို website မှာ ဖတ်ကြည့်လို့ရပါတယ်။

အယ်လ်ဖာ ထရော်မာ | မြန်မာဘာသာပြန်Where stories live. Discover now