Make a Wish , HONEY !

154 25 11
                                    

"ငါလဲ ယောက်ျားကွ !! မပေါင်းဘူး အဲ့စိတ္တဇမကောင်းဆိုးဝါးလေးနဲ့ တတ်နိုင်သမျှ မြန်မြန်လေးကွာရှင်းမယ် ! "

ပူပူနွေးနွေးအိမ်ထောင်သည်ဖြစ်သွားသူထံမှ စူးစူးရဲရဲထွက်လာည့် ငိုသံကြီးဟာ နားကိုက်ချင်စရာကောင်းလှသည်။ လျော့တိလျော့တွဲကျောပိုးအိတ်ကြီးကိုပိုက်၍ ဟန်းနီးမွန်းခရီးမှ ကောက်ခါငင်ခါပြန်လာပြီး လီရှီးချန်က ကျိုက်လွင်န်အိမ်ရှေ့သို့ စိုက်စိုက်မြိုက်မြိုက်ရောက်လာလေ၏။ ယခုမူကား ပန်းအိုးကလေးတွေ တန်းစီနေရာချ‌ထားသော ကျိုက်လွင်န်၏ ခြံဝန်းလေးထဲ ခြေပစ်လက်ပစ်ထိုင်ချကာ ခံစားခဲ့ရသမျှအား တခမ်းတနား ကာလာပြန်သွင်းနေခြင်းပင်။

"ဇာတ်နာနေလိုက်တာ ရှီးချန်ကောရာ .. အခန့်မသင့်ကြုံတုန်းကြိုက်တုန်း ရန်ဖြစ်တာက အိမ်ထောင်သည်တွေကြားဖြစ်တတ်တာပဲကို"

မြေပြင်ပေါ် လူးလှိမ့်ကာငိုချတော့မတတ် မျက်နှာရိပ်မှ ကျိုက်လွင်န်ဆီသို့ ပြူးခနဲကျယ်လာသော မျက်လုံးရွဲကြီးတွေဖြင့် ဒိုင်းခနဲမော့ကြည့်လာ၏။ ထိုမျက်လုံးရွဲကြီးတွေကြောင့် ကျိုက်လွင်န် သောက်လက်စ စတော်ဘယ်ရီမစ်ရှိတ်ပင် သီးလုမတတ်ဖြစ်သွားရသည်။ ထိုမျက်နှာဟာ ငိုသံပြဲကြီးထက် ပိုဆိုးပါ၏။

"ရှန်ကျိုက်လွင်န် !! မင်းငါ့ဘက်က ဒီတစ်ခေါက်တော့ ပါသင့်တယ်မထင်ဘူးလား။ ဒါအိမ်တွင်းအကြမ်းဖက်ခံနေရတာကွ !! "

"ဘန်ဂျမင်က ကောကို အချစ်စမ်းတာဖြစ်ပါလိမ့်မယ်ဗျာ .. ကောတို့ ရည်းစားဘဝတုန်းကတည်းက သူ့အကျင့် ဒီတိုင်းပဲကို။ "

"အကျင့်ဆိုတာ ပြင်မရဘူး ဟေ့ကောင် ! အဲ့တာ ဗီဇပဲ။ မင်းစဉ်းစားကြည့်စမ်း။ သူ့ငါ့ကို အကွက်ကျကျလက်ထပ်ယူပြီး အိမ်တွင်းအကြမ်းဖက်ဖို့ ဘယ်လောက်တောင်အချိန်ယူခဲ့ရမလဲ မင်းစဉ်းစားဖူးလား။ "

"ကောကပဲ ဘန်ဂျမင်ကို ပဲရစ်အထိ လက်ထပ်ခွင့်လိုက်တောင်းပြီးတော့ ဘာကို သူက အကွက်ကျကျလက်ထပ်ယူရမှာလဲ"

"သူ Yes လို့ပြောလိုက်တယ်လေ။ အဲ့တာ အကွက်ပဲ။ မင်းလဲမမြင်ခဲ့ဘူး။ ငါလဲ အဲ့အကွက်ကိုမမြင်ခဲ့ဘူးလေ။ အခု ငါ့ဘဝကို ကြည့်လိုက်စမ်း ကျိုက်လွင်န် ! ဘန်ဂျမင်က ငါ့ကို မချစ်ခဲ့ပါဘူးကွာ "

You've reached the end of published parts.

⏰ Last updated: Nov 09 ⏰

Add this story to your Library to get notified about new parts!

Our Favorite Summer Film Where stories live. Discover now