"တစ်ခုခုဆိုရင်ငါဘဲလုပ်နေရတော့တာဘဲခိုင်းစရာအခြားလူမရှိတဲ့ရုံးကြီးကြနေတာပဲ"
"သွန်းသီရိဇော်"၏ညည်းညူသံနှင့်အတူလေပြေတို့မှာလည်းတိုက်ခတ်လျက်ရှိသည်။
မန်နေဂျာမှသူမအားခေါ်လိုက်သည်။
ထို့နောက်"သီရိရယ်အကိုတောင်းပန်ပါတယ်ဒီတစ်ခေါက်ရုံးကလွှတ်တဲ့ခရီးကိုသီရိဘဲသွားလိုက်ပါအုံး"
"ရှင် ဟေမာန်သွားမှာဆို"
"ဟေမာန့်ကိုအစကလွှတ်မလို့ဘဲသူကမိသားစုကိစ္စပေါ်လာတယ်လေ"
"ဟုတ်ကဲ့ပါသီရိသွားလိုက်ပါမယ်"
သွန်းသီရိဇော်တစ်ယောက်စိတ်ထဲတွင်
သိပ်မကျေနပ်အနည်းငယ်ဒေါသဖြစ်နေလေရဲ့"အေးအေးငါ့ဘဲခိုင်းကြစိတ်ကိုပျက်တယ်"
သူဘယ်လောက်ဘဲစိတ်ပျက်ပျက်ဒီအလုပ်ကလဲမထွက်ရှာဘူး.....
အိမ်အပြန်လမ်းကတိတ်ဆိတ်လို့ဆောင်းကူးမိုးကုန်ရာသီဖြစ်၍လေပြေတိုးနေသံများသာကျယ်လောင်ကာနေလေသည်။
အိမ်ပြန်ရောက်ချိန်အိမ်တံခါးကိုဖွင့်ရင်း
အေးစက်စက်အငွေ့အသက်အချို့နှင့်အထီးကျန်မှုတွေဟာဝဲလည်လည်....
ခဏတာငြိမ်သက်နေမိပြီးအတိတ်မှာဖြစ်ခဲ့သမျှနဲ့အနာဂါတ်မှာဘာတွေဖြစ်အုံးမလဲကိုတွေးနေမိပါရဲ့။
အမေ့ဆီကဖုန်းဝင်လာသံကြောင့်အတွေးတွေခဏတာရပ်သွားတယ်။"သမီးလေးအိမ်ပြန်ရောက်ပြီလား"
"ဟုတ်အမေအခုလေးတင်ပြန်ရောက်တာ"
"ငါ့သမီးအလုပ်တွေရှုပ်နေမှာဘဲ"
"ဟုတ်တယ်အမေရေနောက်လလောက်ဆိုခရီးကသွားရအုံးမယ်"
"ဘာလို့လဲသမီးဘယ်ကိုလဲ"
"ဘယ်ကိုလဲတော့မသိသေးဘူး ပဲခူးဒါမှမဟုတ်တောင်ကြီးဘက်ကိုအမေရေရုံးခွဲအသစ်တွေအတွက်သွားစီမံရမှာတဲ့"
"အလုပ်ဟူသမျှဂုဏ်ရှိစွာတဲ့ငါ့သမီးကိုအလုပ်ရှင်ကဒီလိုယုံကြည်တာတွေတွေ့ရတော့ဂုဏ်ယူပါတယ်"
"ကြိုးစားလို့ယုံကြည်တယ်ဆိုလဲအရမ်းခိုင်းလွန်းတာပဲအမေရယ်"