တိတ်တခိုးငြိ
အပိုင်း(၂)
#တိတ်တခိုးငြိ
10271226
"တင်တောင်...တင်တောင်...တင်တောင်..."
"ကျစ်..."
တစ်ညလုံး မအိပ်ရသေးတဲ့ မျက်လုံးတွေက အနားရနေတာ သိပ်တောင် မကြာသေးဘူး..။
အိပ်ရာကနေ ကုန်းရုန်းထမိတဲ့အချိန်ထိ မျက်စိတွေက မှိတ်လျက်သားပါပဲ..။
အိပ်ချင်မူးတူးဖြစ်နေရင်းက မျက်မှန်ကို ကောက်တပ်လိုက်ကာ ပါးစပ်ကို သုတ်၍ ခုတင်ပေါ်က ဆင်းလာရသည်။
မျက်နှာမသစ်ရသေးသည်ကြောင့် ပြီးစလွယ် မက်အုပ်၍ အိမ်တံခါးဆီကို သွားလိုက်သည်။
မှန်ပေါက်ကနေ တစ်ချက်ကြည့်လိုက်ချိန် အံသြလို့ မျက်လုံးပင် ကျယ်သွားရသည်။
"စိုင်းနောင်..."
အိမ်တံခါးကို ဂျက်ဖြုတ်ပေးပြီး ခေါ်လိုက်တော့ လက်က ရှေ့ဆန့်ထွက်လာသည်မို့ သေချာ ကြည့်ရသည်။
"ချားချင်လား..."
သူ လက်ထဲက ပလတ်စတစ် အိတ်ထဲမှာ အီကြာကွေး တစ်ချောင်း ပလာတာ တစ်ချပ်ရှိနေသည်။
နောက် အိတ်တစ်လုံးက ပဲပြုတ်နဲ့နံပြား..။
မကြည်လင်သော စိတ်ကြောင့် သက်ပြင်းချလိုက်မိသည်။
ဒီကလေးတွေကို ပတ်သက်မိတာတော့ မှားပြီ ထင်ပါတယ်..။
အိမ်ရှေ့တံခါးထိ ရောက်လာတာ လုံခြုံရေးအတွက်လည်း စိုးရိမ်ရသည်။
"မစားဘူး..စိုင်းနောင်...ကိုယ်က စားချင်တာကိုပဲ မှာစားတာပါ..မုန့်က မှာပြီးသွားပြီ...မနက်တိုင်း မှာပဲစားတယ်.."
မျက်နှာမကောင်းသော်လည်း ခေါင်းညိတ်ပြီး လှေကားကို ပြန်ဆင်းသွားတော့ ကိုယ်ကပဲ မှားသလိုလို ဖြစ်နေပြန်သည်။
သူ့သူငယ်ချင်းတွေပါ တိုက်အောက် ရောက်နေလားလို့ ဝရန်တာက တစ်ချက်ကြည့်လိုက်တော့ ဘယ်သူမှရှိမနေပါဘူး..။
လေးလွှာက ဆင်းသွားရတာကြောင့် အတော်လေး ကြာတော့မှသာ တိုက်အောက်က ထွက်လာတော့သည်။
YOU ARE READING
တိတ်တခိုး ငြိ
Randomလင်း မိန်းမရလည်း ထားခဲ့မှာပဲ.." "လုပ်ပြန်ပြီ..." လူကို ကျောပေးပြီး ထပ်ပြောနေပြန်သေးသည်။ ကိုယ့်မှာ ရည်းစားချောချောလေး ရှိတယ်ဆိုတာကို ဒင်းက လက်ခံပေးချင်ပုံမပေါ်ပါဘူး..။ "ကိုလင်း က အရုပ်ဆိုးတာ...ချောချောလေးက ထားပြီး အသစ်ယူသွားမှ ကိုလင်း မုဆိုးထီးကြီး ဖ...