6

523 69 1
                                    

Uni

အခန်း ၆- “နံပါတ်” ကိုသတ်နည်းများ

နောက်တစ်နေ့တွင် အက်စ်ဂါဒါ ဆီမှ ဗီဒီယို‌call ခေါ်ဆိုမှုနဲ့အတူ တာဇီတို နိုးလာခဲ့သည်။

"ချားစ်... ဘုရားရေ ရှင်အိပ်နေသေးလား"

တာဇီတို ခက်ခက်ခဲခဲ မျက်လုံးဖွင့်ကာ သူမကို ပြောစရာရှိတာပြောရန် အချက်ပြလိုက်သည်။

"ရှင် ဒီစာကို ဖတ်ရမှာ"

*အမျိုးသမီးအဆိုတော်တစ်ဦး ပါတီပွဲမှ အပြန်လမ်းတွင် ယာဉ်မတော်တဆမှုတစ်ခုကြောင့် သေဆုံးသွားကြောင်း* ဆိုတဲ့သတင်းက တာဇီတိုကို အိပ်ချင်စိတ်များပင် ပြေစေသည်။

သူတို့ဖက်က လူသေရဲ့မျက်နှာကို မှုန်ဝါးထားသော်လည်း ဝတ်ထားတဲ့အဝတ်အစားအရ တစ်နေ့က ပါတီမှာ သူနဲ့တွေ့ခဲ့တဲ့ မိန်းမငယ်လေးမှန်း အတတ်သိသည်။ ဘာမှမသိတဲ့ ကောင်မလေးတစ်ယောက်ကိုတောင် သူတို့ အလွတ်မပေးပါလား။

တာဇီတို သတင်းကိုပိတ်လိုက်ပြီးသည်နှင့် သူ့မျက်နှာပေါ်တွင်လည်း ပင်ပန်းနွမ်းနယ်နေသော အသွင်ကို ဖော်ဆောင်ထားသည်။ မျက်နှာက အေးဆေးတည်ငြိမ်နေပေမယ့် ရင်ဘတ်ထဲကတော့ ဒေါသကြောင့် ပူလောင်လာသည်။

ခဏအကြာမှာ အက်စ်ဂါဒါ က ဖိုင်အချို့ကို ပို့ပေးပြီး သူဌေးဖြစ်သူအား ကင်မရာမှတဆင့် စက္ကန့်အနည်းငယ်ကြာ အကဲခတ် ကြည့်ရှုလိုက်သည်။ တာဇီတိုဆိုတာ လုံ့လဝီရိယရှိပြီး သပ်ရပ်ခံ့ညား‌တဲ့ ပုံစံကိုသာ အမြဲ ပြသတတ်သူဖြစ်သည်။ အခုလို စိတ်မပါလက်မပါနဲ့ ပျင်းရိနေတဲ့ ပုံစံမျိုးကို တစ်ခါမှမမြင်ဖူးသဖြင့် နည်းနည်းတော့ အံ့အားသင့်မိသည်။

"ချားစ်၊ ရှင်ဘာဖြစ်နေတာလဲ၊၊ နေကောင်းရဲ့လား" လို့ သူမ မမေးဘဲမနေနိုင်။

"ရှင် ကောင်းကောင်း အနားယူသင့်တယ်။ ကိစ္စတွေကို ကျွန်မနဲ့ အီဗန်နိုကို လွှဲထားလို့ရပါတယ် "

ပြောနေတဲ့ သူမရဲ့ မျက်လုံးအောက်မှာလည်း အနက်ရောင် အကွင်းနှစ်ခုနဲ့။ တာဇီတို ပေးအပ်ထားတဲ့ တာဝန်တွေကြောင့် မနေ့ညက တစ်ညလုံး အိပ်ရဟန်မတူ။

You've reached the end of published parts.

⏰ Last updated: 4 days ago ⏰

Add this story to your Library to get notified about new parts!

သော့(ဘာသာပြန်)Where stories live. Discover now