fan sign က ပြန်လာသဖြင့် တစ်ကိုယ်လုံးညောင်းညာနေသည်။ Seungkwan အညောင်းဆန့်လိုက်ရင်း
"အင်း....ရေချိုးမှပဲရတော့မယ်။ ဟင် Vernonnie....."
Vernon က မပြောမဆိုနဲ့ သူ့လက်ကိုဆွဲကာ သူတို့တိုက်ခန်းဆီသို့တက်မသွားပဲ အရေးပေါ်လှေကားဘက်ကိုခေါ်လာခဲ့သည်။
"ya....ဘာလုပ်တာလဲ လက်ကိုလွှတ်ဉီးလေ တစ်ယောက်ယောက်မြင်သွားလိမ့်မယ်..."
Seungkwan တစ်ယောက်ရုန်းကန်ရင်း သူဆွဲခေါ်ရာနောက်သို့လိုက်ခဲ့ရသည်။ ေဘးဘီကိုလည်း တောင်ကြည့်မြောက်ကြည့် ကြည့်ရင်းပေါ့။ ဒီလူကတော့လေ အရိပ်အကဲကို မသိဘူး။ သူလုပ်ချင်တာရှိရင် ဇွတ်ပဲ။
"မြင်သွားလည်းဘာဖြစ်လဲ။ ပြောရတာသက်သာတာပေါ့။ ငါ့နောက်သာလိုက်ခဲ့စမ်းပါ။ ဘာတွေကိုကြောက်နေတာလဲ..."
"အင်းပါ......"
လှေကားဆီရောက်တော့မှ Hansolက သူ့လက်ကို လွှတ်ပေးပြီး ရုတ်တရက်ကြီး ဆွဲဖက်သည်။
"လာပါဉီး...လွမ်းနေရတာကို။ မင်းရော ငါ့ကိုမလွမ်းဘူးလား..."
Seungkwan ကြောင်သွားပြီး
"ဘာကိုလွမ်းရမှာ....ငါတို့နေ့တိုင်းတွေ့နေရတာပဲလေ။ တိုက်ခန်းတစ်ခုထဲလည်း နေနေရတာပဲဟာ။ နေ့တိုင်းမြင်နေရတယ်လေ..."
"အဲလိုမဟုတ်ဘူးလေ။ တိုက်ခန်းက မင်းနဲ့ငါ နှစ်ယောက်တည်းနေတာမှမဟုတ်တာ။ တခြားmemberတွေရောလေ။ နေ့တိုင်းမြင်နေရပေမယ့် ချစ်ချင်တိုင်းချစ်လို့မရဘူးလေ။ memberတွေအရိပ်အကဲကြည့်နေရတာကို။
ငါကတော့ မင်းကိုနေ့တိုင်းမြင်နေရလည်းလွမ်းတာပဲ။ မင်းကိုအမြဲတမ်းထိချင်တွေ့ချင်နေတာကို ဘယ်လိုလုပ်ရမလဲ..."ဟုတ်ပါသည်။ Seungkwanတို့နှစ်ယောက်ကတွဲနေကြတာ။ ခိုးတွဲနေတာဆိုပိုမှန်မှာပေါ့။
သူတို့နှစ်ယောက်အကြောင်းကို memberတွေလည်းမသိသလို caratတွေလည်းမသိဘူးလေ။ သူတို့နှစ်ယောက်သာသိနေလေသည်။"Hansol ကလည်း ငါတို့အကြောင်းကို သူများတွေသိလို့မဖြစ်ဘူးလေ။ သိကုန်ကြရင် အဖွဲ့အတွက်လည်းမကောင်းဘူး။ fan တွေအတွက်ရောပဲ။ ဒီလိုလေးပဲနေရအောင်လေ...ဟင်....ငါ့စကားကိုနားထောင်ပါ...နော်..."