HOME

65 10 2
                                    

Home

"*အိမ်! အိမ်လို့ပြောလိုက်တာနဲ့ နံရံတွေနဲ့အခန်းတွေအများကြီးဖွဲ့ထားပြီးခေါင်မိုးထပ်ပါတဲ့ အဆောက်အအုံငယ်လေးတစ်ခုကိုပြေးမြင်ကြလိမ့်မယ်*"

ဒါပေမဲ့တစ်ချို့ကျတော့...

"ကိုယ့်နှလုံးသားအတွက်နွေးထွေးသောခံစားချက်ကိုရရှိစေတဲ့လူ၊ ကိုယ့်စိတ်နဲ့ကိုယ့်ကိုလုံခြုံစေတဲ့စကားလုံးတွေကိုပြောပေးတဲ့လူ၊ အချိန်တိုင်းမှာကိုယ်တွေနဲ့အတူရှိနေပြီး အားလုံးအဆင်ပြေသွားမယ့်နေရာလေးကိုလဲ အိမ်လို့ခေါ်ဆိုကြသတဲ့~"

"အဲ့ဒီလိုဘဲ ညီမအတွက်ကအစ်ကိုတို့၇ယောက်ရဲ့ပျော်ရွှင်မှု နဲ့ နွေးထွေးမှုတွေက ညီမလေးရဲ့အ​နွေး​ထွေးဆုံးအိမ်လေးဖြစ်နေတယ်ဆိုတာကိုဘဲ အစ်ကိုတို့ဘာလုပ်လုပ်ညီမလေးကနောက်မှာရှိနေတာမို့ ဘဝကိုဒီထပ်ပိုပြီးပျော်ပျော်ရွှင်ရွှင်နဲ့ရှေ့ဆက်သွားကြရမယ်နော်"

ချစ်ရပါသောအစ်ကိုတို့ရဲ့ညီမလေး
ဘူဟီဂျူ~
2024.8.1

လွန်ခဲ့သောအတိတ်နေ့ရက်များဆီက....

"မေမေရေ!!!"
"မေမေရေ!!"
"မီးမီးကိုလာခေါ်ပေး မေမေရေ!!"
"သားတို့စာလုပ်နေတာကိုလိုက်နှောင့်ယှက်နေတယ်ဗျို့!!"

"ဂျူလေးရေ!! ကိုကိုတွေကိုလိုက်မနှောင့်ယှက်ရဘူးလေ မေမေ့ဆီကိုလာခဲ့တော့!! မေမေနဲ့အတူတူပန်းထိုးကြမယ်"

"ဟွန့်!!"

"မေမေ့သမီးလေးကလိမ္မာပါတယ် ကိုကိုတွေကသူအတန်းနဲ့သူစာမေးပွဲတွေရှိတာမို့ မနှောင့်ယှက်ရဘူးလေ ကိုကိုတွေကစာမေးပွဲပြီးရင် ဂျူလေးနဲ့ကစားပေးမှာပေါ့"

"ဒါပေမဲ့မီးမီးကအခုကစားချင်တာကိုး..."

"မေမေနဲ့အတူတူပန်းထိုးမယ်နော် လိမ္မာတယ် ကိုကိုတွေဖို့ပြီးရင်အသီးသွားလှီးပေးကြမယ်နော်"

"ဟုတ်"
.
.
ဟယ်ဂျင်းလို့​ခေါ်တဲ့အမျိုးသမီးဆီမှာ အရွယ်မတူတဲ့သား၇ယောက်နဲ့သမီးလေးတစ်ယောက်ရှိလို့ အကုန်လုံးကထူးဆန်းနေလိမ့်မည်ထင်သည် သူမကတစ်ခုလပ်ဖြစ်ပြီးဟီဂျူဆိုတဲ့သမီး​​လေးတစ်​​ယောက်သာရှိသည် သူတို့၇ယောက်လုံးက​တော့ထူးဆန်းစွာနဲ့တစ်နှစ်ထဲမှာပင်ရောက်လာခြင်းဖြစ်သည် ဘယ်လိုရောက်လာတာလဲဆိုတော့...

HOMEWhere stories live. Discover now