ဝတ္ထုဇာတ်လမ်းမဟုတ်ပါဘူး။ ကျွန်တော့်အကြောင်းပါ😆
နောက်ပိုင်း Fb သုံးဖြစ်တော့မယ်မထင်လို့ ဒီမှာပဲ ဆက်သွယ်မူလေးနဲ့ စကားပြောချင်တာကြောင့် တင်လိုက်တာပါ။
ဒီထဲမှာ ရေးထားပြီးသော၊ ရေးလက်စ ဝတ္ထုတွေအကြောင်းပြောပါမယ်၊နောက်ပြီး ကျွန်တော်ဖတ်ဖူးတဲ့ စာအုပ်အကြောင်းလေးတွေ။ကျွန်တော့်အကြောင်းကတော့များများပေါ့လေ။နောက်ထုတ်မယ့် စာအုပ်ရဲ့ detail လေးတွေ။
ဘာမှထွေထွေထူးထူးမဟုတ်ဘူးရယ်။ဒီအတိုင်း ကျွန်တော့်ကို သဘောကျတဲ့သူလေးတွေနဲ့ ဆက်သွယ်မူတစ်ခုရချင်ရုံပါ။
မေးချင်တာလည်းမေးလို့ရပါတယ်။(ဖြေနိုင်တာ အကုန်ဖြေပါမယ်၊ဖြေချင်မှလည်းဖြေပါမယ် :XD)
စာစရေးတာ ၂၀၁၉ ကတည်းကကို အခုထိ စိမ်းနေသလိုခံစားရလို့။ ကျွန်တော် ဒီမှာရှိတာ ၅နှစ်ရှိပြီ ၊ဒါပေမဲ့ စာတွေပဲတစ်ပုဒ်ပြီးတစ်ပုဒ်ထွက်လာတယ် လူက တည်ရှိမနေသလိုပဲ။
မိတ်ဆက်ဆိုတော့ ပထမဆုံး သိချင်မယ်ထင်တာလေးတွေ ရေးလိုက်မယ်နော်။
မွေးသက္ကရာဇ်- Dec.2.1997❄️
Fire - Sagittarius 🔥
2019 ခုနှစ် သမိုင်းနဲ့ကျောင်းပြီးပေမယ့် ဘွဲ့မယူပါဘူး။မိုးဥတုနဲ့တောင်တန်းတွေကို သဘောကျပါတယ်၊တိတ်ဆိတ်ပြီး တစ်ယောက်တည်းနေရာတာ နှစ်သက်တယ်၊
မကြိုက်တာက စာဖတ်တဲ့အချိန်နဲ့စာရေးနေတဲ့အချိန် စကားလာပြောတာမျိုးပါ။အာရုံလွင့်သွားရင် ပြန်ဖမ်းလို့မရတော့တဲ့ ဦးနှောက်မို့။လူတွေကို နာမည်မမှတ်မိနိုင်ဘူး။ကိုယ်ရေးထားတာတဲ့ ဇာတ်ကောင်တွေတောင် မေ့သွားတတ်ပါတယ်။
တိရစ္ဆာန်အကုန်ချစ်တယ်။(ခြင်ကလွဲလို့)ခြင်တော့ မြင်တာနဲ့သတ်တာပဲ။
အခုထိ မှားနေကြတဲ့ Boy or Girl?
ဇက်က မိန်းကလေးပါ။
ကျွန်တော်လို့ပြောတာက မန္တလေးကမို့။နောက်ပြီးမွေးချင်းက ယောကျာ်းလေးတွေချည်းပဲဖြစ်တာရယ်၊ အလုပ်အကိုင်ရယ်က ကျွန်တော့်ကို မန်းဒလီးဆန်နေတာဖြစ်မယ်။စိတ်မြန်လက်မြန်လုပ်တတ်တဲ့အကျင့်ရယ်၊ စကားဘောတ်ဆက်ဆက်ပြောတာရောကြောင့် ယောကျာ်းလေးလို့မှားနေကြတာဖြစ်မှာ။