Unicode
"ခေါင်"
"ပြောလေ အက္ခရာ"
"အက္ခရာတို့ လမ်းခွဲကြရအောင်"
"ဘာဖြစ်ပြန်ပြီလဲ ကွာ"
"အက္ခရာ ဒီအခြေအနေကြီးကို စိတ်ကုန်နေပြီ ခေါင်"
"ကိုယ် ဘာထပ်လုပ်မိလို့လဲကွာ အက္ခရာ ရာ"
"အက္ခရာ ပင်ပန်းနေပြီ ခေါင်"
"ကိုယ် တောင်းပန်ပါတယ်ကွာ ...ကိုယ်က မင်းမရှိရင် မဖြစ်တာ သိရဲ့သားနဲ့ကွာ....မင်းလိုအပ်တာတွေကို ကိုယ်အမြဲဖြည့်ဆည်းပေးနေတာပဲလေကွာ....ကိုယ်ဘာတွေမှားနေလို့လဲ"
"ခေါင် မမှားဘူး....အက္ခရာမှားခဲ့တာမို့ ဒီမှာပဲလမ်းခွဲကြရအောင်နော်"
"မူပိုင်အက္ခရာ"
"........."
အက္ခရာ ဘာမှပြန်မပြောမိပါ။ လမ်းခွဲဖို့ပြောတာ ဒါနဲ့ဆို တတိယ အကြိမ် ရှိပြီ။လမ်းခွဲမယ်ပြောတိုင်း ခေါင် က ခွင့်မပြုခဲ့ပါ။ဒီတစ်ခါတော့ အက္ခရာ ပြတ်ပြတ်သားသားဖြစ်ချင်ပါသည်။သို့သော်....။
"သတိုးထွဋ်ခေါင် ဆိုတဲ့ကောင်က ဘာအမှားတွေလုပ်ထားလို့ အဲ့လောက်ထိတောင် လမ်းခွဲချင်နေရတာလဲ....ဘာလဲ အက္ခရာ က အသစ်တွေ့နေတာလား"
"ခေါင် မဆိုင်တာတွေ မပြောပါနဲ့"
"အဲ့တာဆို အက္ခရာ ကိုယ့်ကို လမ်းခွဲဖို့ထပ်မပြောနဲ့ကွာ...ကိုယ် မင်းကို ချစ်တယ်လေနော် ကိုယ်ကတိပေးပါတယ်...ကိုယ်နောက်ကို မင်းမကြိုက်တာတွေ ဘာမှမလုပ်တော့ဘူးကွာနော် အက္ခရာ"
ခေါင် က ဒီလိုလေသံလျော့ ပြောလာတော့လည်း အက္ခရာ မနေသာတော့ပါ။အက္ခရာက လမ်းခွဲချင်တာ မှန်ပေမယ့် မချစ်လို့မှ မဟုတ်တာ။ဒီလူကို ချစ်လွန်းလို့ ဒီထိတောင် သည်းခံလာခဲ့တာပဲဟာ။
"ခေါင်"
"ကိုယ်နားထောင်နေတယ် အက္ခရာ....လမ်းခွဲမယ်ဆိုတဲ့ စကားက လွဲရင် ကြိုက်တဲ့စကားပြောလို့ရတယ်"
"အက္ခရာ ကို ကတိပေးနိုင်မလား...နောက်ဆို အက္ခရာ မကြိုက်တာမလုပ်တော့ပါဘူးလို့"
"ကိုယ်ကတိမပေးနိုင်ပေမယ့် အကောင်းဆုံးတော့ လုပ်ပေးမယ်ကွာ ...နော်အက္ခရာ
ကိုယ့်ကိုချစ်တယ်မလား အက္ခရာ အဓိက ချစ်နေကြရင် ရပြီလေ နော်"
YOU ARE READING
ʙᴇꜰᴏʀᴇ ᴡᴇ ʙʀᴇᴀᴋ ᴜᴘ (လမ်းမခွဲခင်)
Fanfiction"လမ်းခွဲ မှ ဝေးရတာမဟုတ်ဘူး လမ်းလွှဲ သွားလည်း ဝေးရတာပဲ"