"ဒီနှစ်မှ ကျောင်းပြောင်းလာတာလား အရင်နှစ်တွေက မင်းကိုတစ်ခါမှမတွေ့ဖူးဘူးနော်"
ဂျယ်ယွန်းက သူ့အား ပြုံးပြနေသည့်ကောင်လေးကိုကြည့်ရင်း အနည်းငယ်မိန်းမောသွားေလသည်။
အရှေ့ခုံမှကောင်လေး၏ အသားအရည်လေးက ကလေးတစ်ယောက်ကဲ့သို့ဖြူဥနုဖက်နေပြီး ပါးမို့မို့ဖောင်းဖောင်းလေးတွေလဲရှိလေသည်။
ရယ်လိုက်သည့်အခါ မျက်လုံးလေးများမှေးကျဉ်းသွားပြီး အပြုံးလေးကြည့်ရုံနဲ့တင် နေရောင်ခြည်လေးလို နွေးထွေးေတာက်ပေစသည်။
ဂျယ်ယွန်းက ရုတ်တရက်သူ့ကိုလာနှုတ်ဆက်မည့်သူရှိမည်ဟု မထင်မှတ်ထားတာကြောင့် ဘာမှပြန်မပြောနိုင်သေးဘဲ ငေးကြောင်နေသည်မို့ ကောင်လေးက သူ့လက်လေးကိုမြှောက်ကာ ဂျယ်ယွန်းမျက်နှာရှေ့ ဝှေ့ယမ်းလိုက်သည်။
"ဘာတွေတွေးနေတာလဲ ငါပြောတာကြားရဲ့လား"
"အာ...ဆောရီး ဆောရီး ငါအတွေးလွန်သွားလို့...ဟုတ်တယ် ငါလဲ ဒီနှစ်မှကျောင်းပြောင်းလာတာပါ အရင်နှစ်တွေက y မြို့နယ်မှာပဲတက်ခဲ့တာ"
"ဝိုး y မြို့နယ်ဆိုတာ ဝေးတော့ဝေးသားပဲ ဟုတ်ပါပြီ ငါ့နာမည်က ကင်မ်ဆောနူပါ...မင်းနာမည်က..."
ကောင်လေးက ဆက်မပြောခင် ဂျယ်ယွန်း၏ နာမည်ပါသော ရင်ထိုးကိုကြည့်လိုက်ပြီးမှဆက်ပြောသည်။
"...ရှင်းမ်ဂျယ်ယွန်းပေါ့ ဟုတ်တယ်မလား"
ဂျယ်ယွန်းကမြန်မြန်ပြန်ဖြေလိုက်သည်။
"ဟုတ်ပါတယ် ရှင်းမ် ဂျယ် ယွန်းပါ"
ဆောနူနှင့် ဂျယ်ယွန်းတို့နှစ်ဦး နှုတ်ဆက်နေစဉ် ဆောနူ၏ သူငယ်ချင်းများရောက်လာတာကြောင့် ဆောနူက သူ၏သူငယ်ချင်းများကိုလဲ ဂျယ်ယွန်းနှင့် မိတ်ဆက်ပေးလိုက်သည်။
ဂျယ်ယွန်းက သူငယ်ချင်းအသစ်များဖြင့် မိတ်ဆက်လိုက်ရင်း အားလုံးတူတူ ကန်တင်းသွားဖို့ပြင်လေသည်။
ဂျယ်ယွန်းက ကန်တင်းသို့သွားနေရင်း ရုတ်တရက် သူ၏ ပိုက်ဆံအိတ်ကိုကိုင်လိုက်ပြီးနောက် ပိုက်ဆံမေ့ကျန်ခဲ့မှန်း သိလိုက်ရသဖြင့် အံ့ဩသွားရ၏။