1

31 2 5
                                    

'Yoxcoda' ကုမ္ပဏီကြီးထဲတွင် ၀န်ထမ်းများမှအစ မန်နေဂျာတွေအထိ ပြာယာခတ်နေကြသည်။ပျားကောင်လေးတွေလို ဟိုတစ်သိုက် ဒီတစ်သိုက်ဖြင့် အလုပ်ကိုစုရုံးလုပ်ကိုင်နေကြသည်မှာ မျက်စိရှုပ်လှသည်။အကြောင်းရင်းကတော့ သူတို့ကုမ္ပဏီရဲ့ CEO.Adgano ဟာ ဒီနေ့ကုမ္ပဏီကို လာမည်ဆိုတာကြောင့်ပင်။ပုံမှန်နေ့တွေမှာတောင် အလုပ်များတဲ့ကုမ္ပဏီဟာ CEOကြီး ကိုယ်တိုင်လာမယ်ဆိုတော့ အခြေအနေပိုဆိုးနေ၏။ထိုအချိန်မှာပင် ကုမ္ပဏီရှေ့တွင် ထိုးရပ်လာသော BMWအညိုရောင်လေးကြောင့် ၀န်ထမ်းအားလုံး မသိမသာ ထိုကားပေါ်မှဆင်းလာမည့်သူကို ခိုးကြည့်လိုက်တယ်။ကားပေါ်မှဆင်းလာသည့် သူတို့ရဲ့ CEOကြောင့် ၀န်ထမ်းတွေမှာ အသက်ရှူပင်နှေးသွားရတယ်။

အသက် 25နှစ်ရှိပြီဖြစ်သည့် CEO အက်ဂနိုဟာ အညိုရောင်shirtရဲ့လက်ကို ခေါက်ကာ ၀တ်ထားပြီး အနက်ရောင်pantကို သူ၏ခပ်‌တောင့်တောင့် bodyထက်တွင် ၀တ်ဆင်ထားသည်။CEOရဲ့ နက်စွေးနေသော leather bootဖိနပ်ကို၀တ်ဆင်ထားသော ခြေထောက်ဟာ အရှေ့ကိုတစ်ချက်လှမ်းလိုက်တိုင်း လူတိုင်းရဲ့အသက်ရှူနှုန်းတွေကို မြန်ဆန်လာစေသည်။ဖြူစွတ်နေသော လက်ကောက်၀တ်ထက်တွင် တန်ဖိုးကြီးမားသော omega brand Topအဆင့် နာရီကို၀တ်ထားတာမို့ သူတို့CEO အက်ဂနိုက အရမ်းကို luxury ဆန်နေလေသည်။၀န်ထမ်းတွေ သူ့ကိုကြည့်နေတာ သိနေသည့်အလား အက်ဂနိုက တစ်ချက်ရယ်ပြလိုက်တော့ ပါးပြင်ထက်မှာ ပါးချိုင့်ရေးရေးလေးနှစ်ခု ပေါ်လာ၏။

"မင်္ဂလာပါ စီအီးအိုအက်ဂနို" မန်နေဂျာနှင့်အတူ ၀န်ထမ်းတွေက အက်ဂနို့ကိုနှုတ်ဆက်ကြသည်။

"မင်္ဂလာပါဗျ"

အက်ဂနိုက ပြန်နှုတ်ဆက်ပြီးတာနဲ့ Elevatorနားထိ ဆက်သွားလိုက်ပြီး 12ကိုနှိပ်ကာ မိမိရဲ့ရုံးခန်းဆီကိုတက်လာလိုက်တယ်။စံအိမ်မှာပဲနေပြီး အလုပ်တွေလုပ်နေတာမို့ ကုမ္ပဏီမလာတာ တစ်ပတ်ကျော်ကြာပြီဖြစ်သည့် သူ့အတွက် အလုပ်ကိုကုန်းရုန်းပြီးဆက်လုပ်ဖို့သာ ပလန်ချထားရ၏။

အချိန်နာရီတွေ တစ်ဖြည်းဖြည်းနဲ့ကုန်ဆုံးလာပြီးနောက် နေ့လည်စာ စားချိန်ပင်ကျော်ကာ ညနေသို့ကူးပြောင်းချေပြီ။ဒါကို သတိမထားမိပဲ အလုပ်ပုံထဲခေါင်းနှစ်နေသည့် အက်ဂနိုကတော့ မျက်ကွင်းနှစ်ဖက်ကပါ ၀တ်ထားတဲ့ ရှပ်အင်္ကျီအရောင်လို ညိုချင်ချင်။အက်ဂနို အလုပ်ပြီးလို့ လက်ကနာရီကိုငုံ့ကြည့်လိုက်တော့ နာရီလက်တံက ညနေ 5နာရီကိုညွှန်ပြနေလေ၏။အက်ဂနို ထအော်မိသည်။

First SightWhere stories live. Discover now