XII

402 74 16
                                        

"မင်းဆီလာရာလမ်းမှာ စုန်းမြှူမတွေနှောက်ယှက်လို့ ကြန့်ကြာခဲ့ရတယ်.."

"မင်းကို လွှတ်ပေးခဲ့တဲ့ အထိန်းတော်ကြီးကိုတော့ မှတ်သားသွားအောင် ခေါင်းဖြတ်ပစ်လိုက်တယ်.."

"ကိုယ့်အနားက ဘာကြောင့်ထွက်သွားချင်သလဲကွယ်..ကိုယ်ဘာတွေများ မှားနေခဲ့လို့လဲ.."

"ကံကြမ္မာရယ်ဖန်လာတော့ မင်းကကိုယ့်ရဲ့မိတ်ဖက်ဖြစ်လာရတယ်..ဒါဟာ မင်းအတွက်ဝမ်းနည်းစရာ ဖြစ်သွားခဲ့သလား.."

အနက်ရောင် နှင်းဆီပွင့်ဖက်တွေ ပြည့်နေတဲ့ ရေကန်ကြီးထဲ သူရယ် ထိုလူကြီးရယ် အတူတူရှိနေကြသည်။

သူခန္ဓာကိုယ်တစ်ခုလုံးကို ရင်းနှီးစေခဲ့တဲ့ ထိုလူကြီးက အခုသူကို့ရင်ခွင်ထဲထည့်ကာ စကားတွေပြောနေခဲ့သည်။ သူ့ကျောဘက်က ရင်ငွေ့နွေးနွေးက သူ့ကို သက်သောင့်သက်သာမဖြစ်စေခဲ့ပါ..။ ဝမ်းနည်းမွန်းကြပ်မှူတွေကိုသာ ဖြစ်ထွန်းစေခဲ့သည်။

"မျက်ရည်ကျနေတာ ဘာလို့လည်းကွယ်..သိပ်ကိုဝမ်းနည်းနေသလားဟင်.."

သူ့အသံက ချိုသာပေမယ့် သူ့ရဲ့အတွင်းစိတ်က နူးညံ့မနေတာ ကိုယ်သာအသိခဲ့ဆုံးပါ..။

"တိတ်နော် မငိုရဘူး..ဖူးစာပါလာရင် ဘယ်ဘုရားဆင်းဖျက်ဖျက်မပျက်ဘူးတဲ့.."

ကျွန်တော့်မျက်ရည်တွေကိုသုတ်ပေးရင်း ဆိုလာတဲ့ သူ့စကားတွေကို ကျွန်တော်သည်းမခံနိုင်တော့ပါ..

"ဘာဖူးစာလဲဟင်..ကျွန်တော်တို့ ဘာဖူးစာမှ မပါခဲ့ပါဘူး..အားလုံးက ခင်ဗျားဖန်တီးခဲ့တာလေ..ခင်ဗျား အောက်လမ်းပညာနဲ့ ယုတ်မာခဲ့တာတွေလေ.."

ဒေါသကြီးစွာပြန်ပြောလိုက်မိတော့ ထိုသူက လက်တစ်ဖက်ကို ယူကာနမ်းရှိုက်ရင်း..

"မင်းလည်းအလိုပါခဲ့တာပဲလေ..မင်းသာကိုယ့်ကို ဂရုဏာမသက်ခဲ့ရင် ကိုယ်တို့အခုလိုပေါင်းစည်းလို့ရခဲ့မှာမဟုတ်ဘူး..။"

သူ့စကားမှန်တော့ ကျွန်တော့ဘာမှဆက်မပြောနိုင်..အံကိုကြိတ်၍ သူမျက်နှာကိုသာ စူးစူးနင့်နင့်ကြည့်နေမိသည်။

"အမျက်မာန်တွေ မထားပါနဲ့ကွယ်..ဒီဘဝမှာ ကိုယ်ဟာမင်းခင်ပွန်းပါ..ကိုယ့်ရဲ့ဖြစ်တည်မှုဟာ မင်းရဲ့ဖြစ်တည်မှုပဲ..ကိုယ်က စုန်းတစ်ကောင်ဆို မင်းလည်းစုန်းတစ်ကောင်ပဲ.."

The Castle Of WizardOù les histoires vivent. Découvrez maintenant