The end?

13 1 0
                                    

*Leonardo Da Vinci Airport*

လေယာဉ်မှအဆင်းမှာကထဲက ကိုရီးယားရဲ့‌ပတ်ဝန်းကျင်ရာသီဥတုနဲ့မတူညီတာကိုသတိထားမိပေမယ့် လေဆိပ်ထဲကထွက်ပြီး လာကြိုတဲ့ကားဆီအရောက်မှာ ပိုသတိထားမိသွားစေတဲ့ ရောမရဲ့ရာသီဥတု...

"ရောမက တော်တော်ပူမယ့်ပုံနော် Jeonghan hyung"

"ဟုတ်မယ် hyungကတော့အေးတာထက်စာရင် မဆိုးဘူးလားလို့"

Seungkwan အပြောကို ရယ်ကျဲကျဲပြန်ဖြေရင်း ကားထဲထိသိသာစေတဲ့ခပ်နွေးနွေးဓာတ်ကိုမျက်လုံးမှိတ်ခံစားနေမိတယ်။
တဖြည်းဖြည်းသွားနေတဲ့ကားပေါ်မှာတော့...

"အဟမ်း! အားလုံးကို ကျွန်တော် ဗဟုသုတရစရာတခုပြောပြမယ်"

Dinoစကားကြောင့် တခြားသူတွေလဲမှေးနေရာမှခေါင်းထောင်လာကြသလို Jeonghanပါမျက်လုံးမှိတ်ထားရာမှဖွင့်ပြီးသေချာလေး အာရုံစိုက်ပေးလိုက်တယ်။ အဖွဲ့ရဲ့အငယ်ဆုံးလေးမလား၊ တနယ်တကျေးမှာ အသေးစိတ်ကအစ ဂရုစိုက်ပေးရမယ်လေ...

"ကျွန်တော်တို့လာခဲ့တဲ့လေဆိပ်က Leonardo Da Vinciတဲ့ဗျ"

သူ့စကားအဆုံး သိပြီးသားပဲလေဆိုတဲ့ပုံစံနဲ့တော်တော်များများဖြစ်သွားပေမယ့် Seok minကတော့

"ဝါးးးး ဒါဆို Vernonလေဆိပ်ပေါ့"

"Leonardo DiCaprioမဟုတ်ပါဘူး Lee Seok minရေ...
Leonardo Da Vinciပါနော်
မင်းအစား ငါရှက်သာကွာ၊
ဟိုမှာ ရှေ့ကထိုင်နေတဲ့ လာခေါ်တဲ့စကားပြန်အစ်ကိုကြီးတောင် ခိုးရီနေပြီ တွေ့လား!"

Seungkwanအနေနဲ့အခွင့်ရတုန်း Seok minကိုဖိပြောလိုက်ပေမယ့် ကာယကံရှင် Seok minရော Vernonရောမှာ အတောမသတ်နိုင်အောင်ရီနေမိကြလေရဲ့။

"Hyung! ရောမမြို့ပေါ်မှာဘယ်နရက်နေပြီးမှ အလုပ်ကိုသွားမှာလဲဟင်၊
ဒီမှာလည်အုန်းမယ်မလားနော်"

"ဘာမှလည်ချိန်မရဘူး
ဒီည မြို့ထဲကတည်းခိုဆောင်မှာအိပ်ခွင့်ပေးဖို့ကိုတောင် မင်းတို့CEOနဲ့ မန်နေဂျာက မတတ်သာလို့လုပ်ပေးထားတာ၊ သူတို့အလိုသာဆို လေဆိပ်ကဆင်း တန်းပြီးသွားစေချင်နေတာ"

"ဟမ်!"

"ဟာ hyung.....!"

"အ့လိုကြီးကမဟုတ်သေးဘူးလေဗျာ hyung... Colosseumတို့ဘာတို့တော့လည်သင့်တယ်မလားဗျ ရောမတောင်ရောက်နေတာကို"

You've reached the end of published parts.

⏰ Last updated: Nov 17 ⏰

Add this story to your Library to get notified about new parts!

Pretty EndingWhere stories live. Discover now