Hello

40 7 3
                                    

Hi..... Lousi ပါ

ဒီဇာတ်လမ်းကထူးခြားပါတယ်....ဘာလို့လဲဆိုတော့ ကျွန်မ တခြား ရေးလက်စတွေတောင် update မလုပ်ပဲနဲ့ ချထားတဲ့ plot လေးမလို့ပါ.....ဒီဇာတ်လမ်းထဲမှာ Vampire, were wolf, Mermen, half-blood, စတဲ့မျိုးနွယ်စုတွေပေါ့.....ကျွန်မ ကအရင်ဆုံး ဒီ မျိုးနွယ်စုတွေအကြောင်းရှင်းပြပေးပါမယ်...

သွေးစုပ်ဖုတ်ကောင် (Vampire 🦇)

သူတို့တွေကတော့ ထွေးထွေးထူးထူးရှင်းပြစရာမလိုဘူးလို့ထင်မိတယ်။

အားသာချက်

-လျှင်မြန်ကြတယ်
-အကွာအဝေးအများကြီးကအသံတွေကြားနိုင်တယ်
-မသေမျိုးတွေဖြစ်ကြတယ်
-ခံစားချက်ကိုအရမ်း ထိန်းချုပ်နိုင်ကြတယ်
-တခြားလူတွေရဲ့စိတ်ကိုထိန်းချုပ်နိုင်တယ်၊ညှို့ယူနိုင်ကြတယ်

ကိုယ်ရည်ကိုယ်သွေး

-တည်ငြိမ်ပြီးအေးဆေးကြတယ်
-ဆူညံပူညံတွေမုန်းကြတယ်
-အုပ်စုနဲ့နေတက်ကြပေမဲ့ အချင်းချင်းသိပ်ပြီးစကားမပြောကြဘူး
-တိတ်တဆိတ်နေကြတယ်
-ဖျက်ထိုးညာဏ် အရမ်းကောင်းပါတယ်

အားနည်းချက်

-နေပူထဲထွက်လို့မရဘူး
-တစ်သက်မှာတစ်ခါပဲချစ်နိုင်ကြခြင်း
-ချစ်ရသူကိုအလွန်အမင်းယုံကြည်ကြခြင်း

ဒါကတော့ Vampire လေးတွေပါ

- Moon Jun hei (Moon vampire မျိုးနွယ်စု အငယ်ဆုံးသခင်လေး)
- Jeon Wonwoo (Jeon vampire မျိုးနွယ်စု အငယ်ဆုံးသခင်လေး)
- Lee Jihoon (Lee vampire မျိုးနွယ်စု တစ်ဦးတည်းသော သား)

သမန်းဝံပုလွေ (werewolf 🐺)

အဟင်း.....သူတို့ကတော့ ရှင်းပြရမယ်။ were wolf မှာ 2 မျိုးရှိတယ်။ သွေးသန့်သာမန်ဝံပုလွေနဲ့ သွေးနှော သာမန်‌ဝံပုလွေ ဆိုပြီး ။ဘာကွာလဲဆို‌ေတာ့ ဝေးကွာသွားတယ် စတာနော်။ဘာကွာလဲဆိုတော့ သွေးသန့်သာမန်ဝံပုလွေ တွေက လပြည့်နေ့ညဆိုရင် ဝံပုလွေအဖြစ်လုံးဝပြောင်းသွားပြီး သွေးနှောတွေကကြတော့ စိတ်ထိန်းချုပ်နိုင်မှုလွတ်သွားတာပါ။ဘာနဲ့တူကြလဲဆိုတော့ alpha တွေရဲ့ rut ဝင်ရင်ဖြစ်သလိုမျိုးပေါ့။ ဒါပေမဲ့ သွေးသန့်သာမန်ဝံပုလွေတွေဟာ မျိုးပြတ်သွားပြီလို့သိရပါတယ်

Fated Collision  Where stories live. Discover now