XIII

557 85 9
                                        

ထိုလူကြီးကို လက်ခံပေးဖို့ စဉ်းစားပြီးနောက် ဆော့ဂျင်ဘက်ကနေ ပြန်လည်တောင်းဆိုခဲ့သည်က စံအိမ်ကြီး၏အပြင်ဘက်ကိုထွက်၍ လမ်းလျှောက်ချင်ကြောင်းဖြစ်သည်။

ကတိအတိုင်း လိုလိုလားလားနှင့် ခွင့်ပြုခဲ့သော ထိုလူကြီးသည် သူကိုယ်တိုင် လိုက်ပို့မည်ဖြစ်ကြောင်းလည်း ဆော့ဂျင်အားပြောသည်။

ထိုနေ့ညက ဆော့ဂျင်ကောင်းမွန်စွာ အိပ်ပျော်ခဲ့သည်။ အိမ်မက်ဆိုးများ၏ နှောက်ယှက်ခြင်းမှ တစ်ညလုံးကင်းဝေးခဲ့ရပါသည်။

နောက်တစ်နေ့မနက်တွင် ဆော့ဂျင်ကိုယ်ပေါ်၌ သားမွှေးအဝတ်အစားများနှင့် ခြေအိတ်၊ လက်အိတ်၊ ဖိနပ်၊အပေါ်ဝတ်ရုံရှည်ကြီးကို ဂရုတစိုက်ဝတ်ဆင်ပေးသည်။

အပြင်ဘက်တွင် နှင်းကျနေသောကြောင့် အေးစက်မှုသည် တော်ရုံမဟုတ်..။

နောက်ဆုံးအနေဖြင့် ဆော့ဂျင်ခေါင်းပေါ် ဉီးထုပ်ချွန်ချွန်တစ်လုံးကိုဆောင်းပေးသည်။

ထိုလူကြီး၏ကိုယ်ပေါ်တွင်တော့ အတွင်းဘက်တွင် အနက်ရောင်အဝတ်အစားများနှင့် အပေါ်မှပို၍နက်စွေးသော ကတ္တီပါအနက်ရောင်ခြုံထည်ကြီးကို ထပ်ခြုံထားသည်။

ဒူးလောက်အထိရှည်သော အနက်ရောင်ဖိနပ် အရှည်ကြီးစီးထားသောကြောင့် ခန့်ညားသောကိုယ်ထည်က ပို၍သန်မာနေပုံပေါ်သည်။

အရယ်အပြုံးမရှိသောမျက်နှာတွင် မိတ်ဖက်အပေါ်ကြည့်သော မျက်ဝန်းများသည်သာ ခံစားချက်တို့စုစည်းရာဖြစ်သည်။

"ကိုယ်ထူပေးမယ်နော်.."

ကုတင်ပေါ်တွင် ထိုင်နေသောဆော့ဂျင်ကို အသာပွေ့ထူတော့ လက်မောင်းအရိုးလေးတွေက အထိမခံနိုင်..။

"အားယားး ~~.."

အော်သံသေးသေးလေးက လူသားငယ်ဆီမှ...။

"ဘယ်နားနာသွားလို့လဲ ဆော့ဂျင်.."

ခြေဆုံးခေါင်းဆုံးကြည့်ရင်း ကပျာကယာမေးတော့ ဆော့ဂျင်လက်မောင်းပေါ်က ထိုလူကြီးလက်တွေဆီ အကြည့်ပို့လိုက်သည်။

"အာ.. ကိုယ်တောင်းပန်ပါတယ်.."

တွန့်ဆုတ် တွန့်ဆုတ်နဲ့ နောက်ဆုတ်သွားတဲ့ လက်တွေက မဝံ့မရဲဖြစ်နေသည်။

The Castle Of WizardKde žijí příběhy. Začni objevovat