(5)

203 6 0
                                    

ဒီလိုနဲ့ကျွန်တော်မန္တလေးရောက်တာ2ပတ်မြောက်နေ့မှာဘဲ ရတနာပုံတက္ကသိုလ်သို့စတင်ရောက်လာခဲ့သည်

ဗုန်းး

ဗီတာ:အာ့ ခများလူတစ်ယောက်လုံးကိုမမြင်ဘူးလား

ကျော်စွာ:တောင်းပန်ပါတယ်ဗျာ ကျွန်တော်တို့မမြင်လို့ပါ

ဗီတာ:ကျစ်ပြီးရောဗျာ

ကျော်စွာ:ဒါနဲ့ ဟို ကျွန်တော်နဲ့ခဗျားခင်လို့ရလား ကျွန်တော်ကမနေ့ကမှမန္တလေးရောက်လို့ ပြီးတော့အဖော်လဲမရှိလို့ သူငယ်ချင်းလုပ်လို့ရမလား

ဗီတာ:အင်းပြီးရောလေ ငါလဲမန္တလေးကိုဟိုတစ်ပတ်ကမှရောက်တာ ငါ့နာမည်ကဗီတာမင်

ကျော်စွာ:ငါ့နာမည်ကကျော်စွာပါ

ဗီတာ:လာအဲ့ဆိုအတန်းတူတူသွားမယ်

ကျော်စွာ:ဟာမင်းကလဲစောင့်အုံးလေ

***
ရှိုင်း:ဟူး ပင်ပန်းတာကွာ ဟိုကောင်ရှိရင်ကောင်းမှာဘဲ

ဆရာမ:ဟေး မင်းကအသစ်လား

ရှိုင်း:ဟုတ်ကဲ့ဗျ

‌ဆရာမ:လာ အခန်းကဒီမှာ

ရှိုင်း:ဟုတ်ကဲ့ဆရာမ

ဆရာမ:ကဲ အခု ဆရာမ နာမည်ကမြတ်ဖူးပွင့်ပါနော် ဆရာမက နှလုံးအထူးကုဆရာမဖြစ်ပါတယ် ဒီထဲမှာမနှစ်ကကလေးတွေပိုများတယ်နော် အဲ့ဆိုတော့အသစ်လေးတွေရှေ့ထွက်ပြီးမိတ်ဆက်ကြရမယ်နော်

***

//Time skip//

တီတီတီ

ရှိုင်း:ဟယ်လို

ဗီတာ:ရှိုင်း ငါပါ

ရှိုင်း:အော် ငါကမသိပါဘူး င့ါ့ကိုဉပြီးသူငယ်ချင်းသစ်တွေရနေပြီထင်တာ

ဗီတာ:ဟားဟား ဘာလဲမင်းကစိတ်ဆ်ုးနေတာလား ငါ့မှာသူငယ်ချင်းဆို့လို့မင်းရယ် ကျော်စွာရယ်ဘဲရှိတာပါ

ရှိုင်း:အမယ် သူငယ်ချင်းတွေတောင်ရနေပြီပေါ့

ဗီတာ:တစ်ယောက်ထဲပါ ဘာဘဲ‌ဖြစ်ဖြစ်ငါမှာအချစ်ဆုံးသူငယ်ချင်းဆိုလို့မင်းဘဲရှိတာပါ

ရှိုင်း:အေးပါကွာ ဒါနဲ့မင်းအဆင်ပြေလားစာတွေလုပ်ရတာ

ဗီတာ:အေး ပြေပါတယ် မင်းရော

ရှိုင်း:ငါလဲအဆင်ပြေတာပါဘဲ

ဒီလိုနဲ့အချိန်တော်တော်ကြာသူငယ်ချင်းနှစ်ယောက်စကားပြောကြပြီးအိပ်ဆက်ခြင်းဆီသို့ရောက်ရှိသွားကြသည်။

***
ဒီနေ့နဲ့ဆိုကျွန်တော်တို့သူငယ်ချင်းခွဲရတာသုံးနှစ်မြောက်ခဲ့ပြီ

တဖြည်းဖြည်းလဲအသက်ကြီးလာကြသလို နှစ်ယောက်သားလည်း စာတွေကြောင့်စကားနှစ်ရက်မှတစ်ခါလောက်ဘဲပြောဖြစ်သည် သို့ပေမဲ့ကျွန်တော်တို့သူငယ်ချင်းဆက်ဆံရေးဟာမပြောင်းလဲသွားပါ။

ထိုသို့တွေးနေတုန်းပင်

တီတီတီ

ရှိုင်း:‌ဟယ်လို ဗီတာပြော

ဗီတာ:မင်းအဆင်ပြေရဲ့လား

ရှိုင်း:မပြေပေမဲ့လည်းကွာ ငါမေမေ့ကိုတော့သူ့ဆန္ဒကိုဖည့်ဆည်းပေးရမှာဘဲ
ဒါနဲ့မင်းတို့ကဘယ်တော့ကျောင်းဆင်းပွဲလုပ်မှာလဲ

‌ဗီတာ:နောက်တစ်ပတ်မှာဘဲလုပ်မှာနေမယ်

ရှိုင်း :ငါ့သူငယ်ချင်းကြီးတောင်ဘွဲ့ရတော့မယ်

ဗီတာ:မင်းလဲဘယ်တော့ဆင်းမှာလဲ

ရှိုင်း:အမ်း ငါတို့ကနောက်ကျတယ် တစ်နှစ်လပိုင်းလောက်မှဘဲထင်တယ်

ဗီတာ:ဘာဘဲဖြစ်ဖြစ်မင်းလဲဆရာဝန်ကြီးဖြစ်တော့မှာဘဲလေ

ရှိုင်း:အေးကွ အချိန်တွေကလဲနော် နှေးတယ်ထင်ရပေမဲ့မြန်လိုက်တာကွာ ငါတို့တောင် ကျောင်းပြီးတော့မယ်

ဗီတာ:ဘာလဲမင်းကဘယ်ကောင်မလေးကိုစိတ်မချလို့လဲ

ရှိုင်း:ဖြစ်စရာလားကွ ငါမှာမင်းလိုအကျင့်မရှိဘူး

ဗီတာ:ငါကရောဘယ်မှာထားလို့လဲ

ရှိုင်း:မင်းပုံလားမထားမှာ ငါကမသိဘူးဆိုတော့

ဗီတာ:ဟားဟား မင်းကတော့ထင်ရာရမ်းတုတ်နေပြန်ပြီ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
6မျှော်

"မုတ်သုန်လေဝှေ့ဝှေ့"Where stories live. Discover now