အပိုင်း(၁)

1.8K 67 2
                                    

ဤဇာတ်လမ်းသည် စာရေးသူ၏စိတ်ကူးယဥ်ဇာတ်လမ်းသက်သက်မျှသာဖြစ်ပါသည်။မည်သူကိုမျှရည်ရွယ်ထိခိုက်‌လိုခြင်းမဟုတ်ပါ။အကယ်၍တစ်စုံတစ်ရာအကြောင်းတခုခုဖြစ်ခဲ့ပါလျှင် တိုက်ဆိုင်မှုတစ်ခုသာဖြစ်ပါသည်။ဇာတ်ကောင်များ၏နာမည်များတူညီမှုရှိနေခဲ့ပါလျှင်လာရောက်အကြံပေးနိုင်ပါတယ်ရှင်...။ ။

ဒေါက်...ဒေါက်...

လှမ်းလိုက်တဲ့ခြေလှမ်းတွေတိုင်းမှာဖျတ်လတ်လျင်မြန်နေသည်။သူရဲ့အသိစိတ်ထဲမှာအမိမြေဆိုတဲ့စိတ်ဟာအလွန်ပင်ပျော်ရွှင်စေသည်။ပြီးတော့ သူသိပ်မြတ်နိုးရတဲ့အမျိုးသမီးလေးရှိနေတဲ့ဟော့ဒီအမိမြန်မာနိုင်ငံကြီးပေါ်ခြေချနေရခြင်းသာမဟုတ်ပါလား။

" သခင်လေး..မဂ်လာပါ..."

သူသည်အရှေ့ရှိလူရဲ့လက်ထဲကို အထုပ်တွေလှမ်းပေးရင်းတပ်ထားသောနေကာမျက်မှန်ကိုစတိုင်လ်ကျကျကျွတ်လိုက်ပြီးခေါင်းကိုအသာလေးညိမ့်၍အသိအမှတ်ပြုလိုက်ပြီးကားမောင်းသူနေရာတွင်နေရာဝင်ယူလိုက်သည်။

" ဟာ !! သခင်လေး ..."

" ဘာဖြစ်တာလဲ ကိုယ်တခုခုမေ့ကျန်ခဲ့တာရှိလို့များလား"

" မဟုတ်ပါဘူး သခင်လေး "

" သခင်လေးကအခုမှမြန်မာပြည်ကိုပြန်ရောက်လာတာလေ သခင်လေးကိုယ်တိုင်ကားမောင်းဖို့ကျအဆင်မပြေပါဘူးဗျာ "

" အဟက်..."သူသည်ဟက်ခနဲတချက်ရယ်လိုက်ပြီး မျက်မှန်ကိုဟန်ပါပါကောက်တပ်ကာ။

" စိတ်မပူပါနဲ့ "

"ဒါ...ဒါပေမယ့်..သခင်လေး..."

"ဒါနဲ့ မင်းကိုယ့်ကိုသခင်လေးလို့ခေါ်စရာမလိုပါဘူး "

" မိုးသားနီ..ကိုယ့်နာမည်မိုးသားနီ ၊ OK "

" ဗျာ..ဟုတ်..၊ဟုတ်ကဲ့ပါ..ကို‌လေးမိုးသားနီ..."

လင်းညိုလည်းသူ့ဘေးနားမှာကားကိုမောင်းနေတဲ့ကိုလေးမိုးသားနီကိုကြည့်လိုက် အရှေ့ကိုကြည့်လိုက်နဲ့ဇောချွေးတွေပင်ပျံလာသည်။ဟုတ်သည်လေ သူကအခုမှမြန်မာပြည်ကိုခြေချတာ သူများနိုင်ငံမှာအကြာကြီးနေခဲ့တဲ့သူက ဘယ်လိုလုပ်ပြီးဒီမြန်မာနိုင်ငံရဲ့လမ်းတွေကိုသိနိုင်မှာလဲ။သူ့အမောင်းskillကလည်း ဖင်မှာ၁၀ဆလောက်မြန်တဲ့ ဒုံးကျဉ်ကိုတပ်သလိုမျိုး‌ကားကိုမောင်းနေတာ။

ဒါပေမဲ့လည်းလင်းညိုဘာမှမတက်နိုင်ပေ စပြီးတွေ့လိုက်ထဲကအရပ်ရှည်ရှည်ထောင်းထောင်းမောင်းမောင်းအနောက်နိုင်ငံသားတွေရဲ့အနွယ်ဝင်မျက်နှာ‌ပေါက်နဲ့ခပ်တည်တည်မျက်နှာထားကသခင်မကြီးရဲ့‌တစ်ဦးတည်းသောမြေးဆိုတဲ့ဂုဏ်ပုဒ်ထက်ပိုရှိန်ချင်စရာကောင်းနေသည်။မတက်နိုင်..ရသမျှဘုရားစာတွေသာရွတ်ပြီးလိုက်ခဲ့ရုံသာ...။

(ရင်ငြိမ်းပန်း)
18.11.2024
(Mon)

ရင်ထဲက ပန်းကလေးWhere stories live. Discover now