UNICODE
Chapter 6: သူတို့တွေ့ကြပြီ (၃)
words count: 3330
ဘယ်အချိန်ဆိုလူတွေပိုပြီးဒေါသထွက်တတ်ကြလဲ?
အားပြင်းပြင်းနဲ့ တစ်ချက်တည်းအထိုးခံလိုက်ရရင်လား? ဒါမှမဟုတ် စိတ်ရူပ်စရာကောင်းလောက်အောင် လေးငါးခါလောက် တို့ခနဲ ဆိတ်ခနဲလုပ်ခံရရင်လား?
ဒါပေါ့ သေချာပေါက်နောက်ဆုံးတစ်ခုကဒေါသထွက်စရာအကောင်းဆုံးပဲပေါ့။
Cale သူအထိုးမခံရသေးခင် အဲ့လိုမျိုးမထိတထိငါးချက်လောက်ထိုးကြည့်ချင်မိသည်။ ပြောချင်တာက တစ်ချက်လောက်လေးအဲ့လိုအထိတစ်ချက်လေးနဲ့တင်သူ့အတွက်အဆင်ပြေပါသည်။
"သွားတော့မလို့လား?"
"အင်း"
လက်ဖက်ရည်ဆိုင်ထဲလူသိပ်မရှိတော့။
အချိန်ကကိုးနာရီကျော်ကျော်။ ဒီအချိန်ဆိုတာ လက်ဖက်ရည်ဆိုင်ထဲထက် အရက်ဘားလိုနေရာမျိုးမှာလူပိုစည်တတ်တယ်လေ။ မိုင်းတွင်းထဲမှာအလုပ်လုပ်ကြတဲ့အလုပ်သမားတွေအလုပ်ဆင်းချိန်ဖြစ်လို့ အရက်ဘားတွေမှာစည်ကားနေလောက်ပြီပေါ့။
"သခင်လေး နောက်တစ်ခေါက်ထပ်လာမှာကိုမျှော်နေပါ့မယ်"
Billos ရဲ့စကားကို Cale ခေါင်းငြိမ့်ပြီးတုံ့ပြန်လိုက်တယ်။
"လက်ဖက်ရည်ကအတော်လေးသောက်လို့ကောင်းပါတယ်"
Cale သူ့ရဲ့ထင်မြင်ချက်ကိုBillosနဲ့မျှဝေလိုက်တယ်။
"ပြီးတော့ ငါတစ်ဝက်ပဲဖတ်ခဲ့ရတယ်ဆိုပေမယ့်လို့ စာအုပ်ကဖတ်လို့ကောင်းခဲ့ပါတယ်။ အထူးသဖြင့် ဇာတ်လိုက်ရဲ့ သူ့ရဲ့အစွမ်းတွေအပေါ် တန်ဖိုးထားတတ်တဲ့ပုံစံရယ်ပြီးတော့ သူ့ရဲ့ရင့်ကျက်လာတဲ့ပုံစံကိုငါသဘောကျတယ်"
အဲ့အခိုက်အတန့်လေးမှာပဲ Billos ရဲ့မျက်ခုံးထောင့်နစ်ခုဟာတွန့်ကွေးလို့သွားပြီး ချက်ချင်းပင်ပုံမှန်အနေအထားသို့ပြန်ပြောင်းသွားလေတယ်။
Cale ကိုစူးစမ်းကြည့်နေတဲ့သူ့ရဲ့မျက်လုံးတွေဟာဝေဝါးလို့နေတယ်။

BINABASA MO ANG
မြို့စားကြီးအိမ်တော်မှဆန်ကုန်မြေလေး || Volume 1
Fantasyအခန်း ၁ - ၁၀၀ [No Beta Read] ⚠️ ဘာသာပြန်သူ၏အချိန်ယူ ကြိုးစားအားထုတ်မှုကို လေးစားခြင်းအားဖြင့် ဘာသာပြန်သူခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူရောင်းစားခြင်းမပြုလုပ်ကြရန် မေတ္တာရပ်ခံပါသည်။ ⚠️