Chapter 17

339 55 0
                                    

စကားပြောပြီး အတန်ကြာသည့်တိုင် တစ်ဖက်သူ၏တုံ့ပြန်မှုကို မရသဖြင့် ဝမ်ကျစ်ချူး သူ့အမွေးစုတ်ဖွာဖွာ ခေါင်းကိုမော့ရင်း တိတ်တဆိတ်ကြည့်လိုက်သည်။

ချင်ကျားရှုမှာ သူ့ကို ရပ်ကြည့်နေပြီး မျက်လုံးထဲ အတော်ပျင်းစရာကောင်းသည့် လူတစ်ယောက်အဖြစ် သတ်မှတ်ထားတတ်သည့် သူ့မျက်ဝန်းတွေထဲ ယခုတစ်ခါတွင်တော့ အနည်းငယ် ထူးခြားနေသည်။

ဝမ်ကျစ်ချူး သူ့မျက်ဝန်းအကြည့်အား အဓိပ္ပာယ်ဖော်လိုက်သည်။ "သူ ငါပြောတာကို စဉ်းစားနေတာလား"

[စနစ်: သူက သင်စိတ်ရောဂါဖြစ်နေတာလို့ တွေးနေတာလေ]

ထိုမျက်ဝန်းထဲ ဂရုဏာနှင့် နားမလည်နိုင်သည့် ခံစားချက်များရောယှက်နေပြီး သူနှင့်အပြိုင်ငြင်းဖို့လည်း စိတ်မပါပုံပင်။

ဝမ်ကျစ်ချူး ထုံထုံအအ ရပ်နေရင်း အဆီအငေါ် မတည့်သည့်စကားကို ဆုံးအောင်ပြောလိုက်သည်။ "မင်း...မင်းမဝယ်တာပိုကောင်းမယ်"

ချင်ကျားရှု ဝမ်ကျစ်ချူးလက်ထဲမှ ရေဘူးကိုလှမ်းယူလိုက်သည်။ ချင်ကျားရှု၏ လက်ထိပ်ပူပူတို့က ဝမ်ကျစ်ချူးလက်ဝါးကို ထိမိသွားချိန် ဝမ်ကျစ်ချူး တုန်ခနဲဖြစ်သွားပြီး ရေဘူးကိုချက်ချင်းလွှတ်ပေးလိုက်သည်။

ချင်ကျားရှု ရေဘူးကိုကိုင်လျှက် သူ့အားသနားဟန်နှင့် အတူ ပျင်းပျင်းရိရိ ကြည့်လိုက်ပြီး ကြည်လင်ပြတ်သားသည့်အသံနှင့် စကားတစ်ချို့ ထွက်လာ၏။ "ရေသန့်ကို ရိုးရိုးရေနဲ့ရော ထားတော့ ဘာဖြစ်သွားလဲ?"

[စနစ်: ကောင်လေး၊ သူဒီရေဘူးကို လိုချင်နေတုန်းပဲ]

"သူ့ကို စာနာသနားရမယ်လေ"

[စနစ်: ဘယ်လိုမျိုးလဲ]

ဝမ်ကျစ်ချူး တက်တက်ကြွကြွ ဖော်ညွှန်းပြလိုက်သည်။ " 'ပြန်မပြော နားမထောင်' တာနဲ့လေ"

ဒီစကားက တစ်ဖက်သူကို အရူးလို့ သွယ်ဝိုက်ပြောတဲ့နေရာမှာ သုံးရောသုံးလို့လား!!

ထို့‌သို့ပြောအပြီး ရေဘူးကိုင်ကာ လှည့်ထွက်ရန် ပြင်နေသည့် ချင်ကျားရှု၏အကျီစကို လှမ်းဆွဲလိုက်၏။ တစ်ယာက်ကိုတစ်ယောက် မုန်းနေသည့်တိုင် ဘေးတွင် လူအများရှိနေသဖြင့် ဒေါသထွက်၍လည်းမရသည်နှင့် ချင်ကျားရှု မျက်မှောင်ကြုတ်ရင်းမေးလိုက်သည်။

ဗီလိန်ဗျူဟာ[Complete]Where stories live. Discover now