ချင်းနန်တိုင်ပြည်တွင်ရှောင်မင်းဆက်အုပ်စိုးစဉ်ကာလ........
ဒီမင်းဆက်ကာလမှာတိုင်းပြည်ဟာဆင်းရဲတဲ့သူနည်းပါးအောင်ကိုချမ်းသာခဲ့သည်။ရှောင်ရှောင်ကျန့်ရဲ့အစ်ကိုတော်ဖြစ်သူအုပ်စိုးခဲ့စဉ်ကာလမှာတော့တိုင်းပြည်ဟာအလွန်ကိုစုတ်ပြတ်နုံချာပြီးအိမ်နီးချင်းနိင်ငံများကြားထဲမှာခေါင်မဖော်နိုင်အောင်ကိုဖြစ်ခဲ့ရသည်။သို့ပေသိ ရှောင်ရှောင်ကျန့်ဟူသော ထိုမင်းလက်ထက်မှာ ပြန်လည်၍စည်ပင်သာယာလာသည်မက စစ်အင်အားဘဏ္ဌာရေးအင်အား အဘက်ဘက်မှာပြည့်စုံပြီးအင်အားကြီးနိုင်ငံတစ်ခုမှအပါဝင်ဖြစ်ခဲ့သည်။ပြည်သူတွေကထိုမင်းကိုကောင်းကင်နတ်မင်း၏ကောင်ချီးပေးခံထားရသည့်သားတော်တစ်ပါးဟုတင်စားကာယုံကြည်ကိုးကွယ်သူများပါရှိခဲ့ကြသည်။
"ဘာ!"
"အမျက်တော်ကိုထိန်းတော်မူပါအရှင် မသတီစရာလုပ်ရပ်ဖြစ်ပေမယ့်ကျွန်တော်မျိုးတို့စိတ်အေးအေးနဲ့ဖြေရှင်းသင့်ကြောင်းပါ"
"လက်ဝဲအမတ်ဝမ် ဒါကိုယ်တော်တို့နိင်ငံကိုသပ်သပ်လာစိန်ခေါ်တာ တောက်စ် အမျိုးယုတ်တွေ"
နိမ့်ချည်မြင့်ချည်ဖြစ်နေသောရင်ဘတ်အစုံမှာဘုရင်မင်းမြတ်သည်စိတ်ဒေါသများအားထိန်းထားဟန်။အမျက်တော်ထွက်သည်လည်းမပြောနှင့်။တစ်ဖက်အိမ်နီးချင်းနိုင်ငံဖြစ်သောဆွေ့ရန်မှကင်းစောင့်တပ်များကနိုင်ငံနယ်နိမိတ်ကျော်ပြီးချင်းနန်နယ်စပ်ထဲဝင်ကာမိန်းမပျိုလေးများနှင့်အအိုတွေပါမချန်မထင်ရင်မထင်လိုအိမ်ထဲသို့ဝင်စီးပြီးအဓမ္မပြုကျင့်ကြသတဲ့။ဒီကြားထဲအမျိုးယုတ်တွေကသူတို့အလိုကိုမဖြည့်ရင်သတ်ပြီးအိမ်ဝင်ပေါက်မှာကြိုးနဲ့လည်ပင်းကိုရစ်ပတ်ပြီးချိတ်ထားခဲ့သတဲ့။ဒါ့အပြင်ကိုကင်းေစာင့်ေတွကိုပါသတ်သတဲ့ဗျာ။ဘယ်လောက်တောင်လူမဆန်တဲ့လုပ်ရပ်လဲ။
"ဟုတ်ပြီ ဒီကိစ္စကိုဘယ်လိုဖြေရှင့်သင့်တယ်ထင်လဲအတိုင်ပင်ခံအမတ်ကြီး"
ဘုရင်ရှောင်ဟာအတိုင်ပင်ခံကောင်းအမတ်အားစေ့စေ့ကြည့်ကာပြောလိုက်ခြင်းပင်။သူဒီကိစ္စကိုမသိတာလဲမပြောနဲ့။နယ်စပ်ကကိစ္စအားလုံးကိုအတိုင်ပင်ခံအမတ်ဆီကိုလက်လွှဲရသည်မှာသူတို့ရဲ့အစဉ်လာဟူ၍ပင်ဖြစ်နေပေးသည်။ဘုရင်သည်တစ်နိုင်ငံလုံးမှာရှိတဲ့အလုပ်မှန်သမျှကိုညီညီမျှမျဆောင်ရွက်ရသည့်အပြင်နိုင်ငံတော်အင်အားကြီးကာ အိမ်နီးချင်းနိုင်ငံတွေကြားခေါင်းဖော်ရအောင်ကြိုးပမ်းရသည်။လိုအပ်ရင်လိုအပ်သလိုတားမြစ်တောကိုလည်းသွားကြည့်ရှူရသေးသည်။ဒီလောက် အလုပ်တွေပုံနေတာကြောင့်ဘ်ုးဘွားဘီဘင်တွေဟာ သူတို့ရဲ့အယုံကြည်ရဆုံးလူကိုနယ်စပ်၏အရေးကိစ္စများအား တိုက်ရိုက်လျှောက်တင်ခွင့်မပြုဘဲနဲ့စစ်သူကြီးမှတစ်ဆင့်အတိုင်ပင်ခံအမတ် အတိုင်ပင်ခံအမတ်မှတစ်ဆင့် ဘုရင့်ရွှေနားတော်ဆီအစီရင်ခံရသည်။
YOU ARE READING
နေခြည်ဖြာမှနွေးသောကြောင့်
Historical Fictionပူပြင်းတဲ့အတ္တ အေးစက်စက်ဓားသွားတွေရဲ့ကြားမှာ နွေးထွေးစေမယ့်အလင်းရောင်လိုအပ်နေတယ်