Chapter 1 (နှစ်50ကြာပြီးနောက်နိုးထလာခြင်း)
သက္ကရာဇ် 2080ခုနှစ် အသစ်တည်ထောင်ထားတဲ့ Tokyo ကာကွယ်ရေးမြို့တော် တောင်ဘက် ကီလိုမီတာ 300အကွာ ပျက်စီးနေသော ဓာတ်ခွဲခန်းအတွင်း-
'အား.....ငါ့ရဲ့ခေါင်း ဘာလို့ဒီလောက်ခေါင်းကိုက်နေရတာလဲ'
ဖန်ပြွန်တစ်ခုထဲတွင်လဲလျောင်းနေသော ဆံပင်အဖြူရောင် နှင့် သွေးနီရောင်တောက်ပနေသော မျက်ဝင်းများဖြင့် ကောင်မလေးတစ်ယောက်နိုးထလာခဲ့တယ်။
"ငါဘယ်မှာလဲ..... ဟုတ်သားဘဲ ပရော်ဖက်ဆာOlonရဲ့နောက်ဆုံးစမ်းသပ်ချက် ငါ့ရဲ့ စွမ်းရည်ဆင့်ကဲပြောင်းလဲတာကိုအဆင့်မြှင့်မယ်ပြောပြီးစမ်းသပ်နေတာဘဲ ဒါနဲ့ပရော်ဖက်ဆာOlonကော"
ကောင်မလေးက ဖန်ပြွန်ထဲမှထွက်လာပြီးဘေးပတ်လည်ကိုကြည့်လိုက်သည်။ ပျက်စီးနေသော မော်နီတာများ ကွဲနေသောဖန်ပြွန်များ နောက်ပြိး ပက်ကြားအက်နေသော ကွန်ကရစ်များထဲမှ ပေါက်ရောက်နေသော ပေါင်းပင်များ ကိုမြင်၍ထိတ်လန့်သွားခဲ့သည်။
"ဟမ်..!!!! စမ်းသပ်ခမ်းကဘာဖြစ်သွားတာလဲနောက်ပြိး ဘာလို့ဒီလောက်တောင် စုတ်ပြတ်သွားတာလဲ ရန်သူတိုက်တာ.? စခန်းပေါက်ကွဲတာ.? ခနနေအုံး စိတ်အေးအေးထား ပထမဆုံး ပတ်ဝန်းကျင်ကိုအကဲခတ်တာပေါ့"
ကောင်မလေးက ဘေးပတ်ပတ်လည်ကို ကြည့်လိုက်တယ် သူမအံ့ဩသွားတယ် နောက်ဆုံးစမ်းသပ်ချက်စပြိး ခနတာအိပ်ပျော်သွားတာ ဘယ်လိုဖြစ်ပြိးစခန်းက ပျက်စီးပြိးပေါင်းပင်တေနဲ့ပက်ကြားအက်နေရတာလဲဆိုတာတွေးနေခဲ့သည်။သူမ စမ်းသပ်ဖန်ပြွန်ကိုခွဲလိုက်သောအခါ ဖန်ပြွန်ထဲကရေများအပြင်ကိုထွက်ကျလာခဲ့၏။ကောင်မလေးက ဖန်ပြွန်ထဲမှထွက်လာ၏ ဘေးနားမှာစုတ်ပြဲဖုန်တက်နေသောကုတ်အင်္ကျီအဖြူကိုဝတ်ဆင်လိုက်ပြီး ပျက်စီးနေသော မော်နီတာရှေ့ကိုသွားလိုက်သည်။
"ဟား...အနည်းဆုံးတော့ ဒေတာတေကျန်သေးမယ်ထင်တယ် လက်ရှိ အခြေအနေကြည့်ရတာ နှစ်အတော်ကြာပျက်စိးသွားတဲ့ပုံဘဲ ထားတော့ ဒေတာတေစစ်ကြည့်တာပေါ့ ပရော်ဖက်ဆာဆိုရင် တစ်ခုခုချန်ထားခဲ့မှာဘဲ သူလိုလူက ငါ့ကိုချန်ထားခဲ့မယ်မထင်ဘူး တစ်ခုခုဖြစ်သွားတာသေချာတယ်"
YOU ARE READING
Empress of Apocalypse
Action2040ခုနှစ် တတိယကမ္ဘာစစ်ပွဲအတွင်း Space energy လို့ခေါ်တဲ့ ဥက္ကာခဲမိုးရွာချပြိး တစ်ကမ္ဘာလုံးကို ပျက်စီးခြင်းထဲခေါ်ဆောင်သွားခဲ့တယ် အဲ့ချိန် လူသားတွေရဲ့ လူဦးရေ 60%ရာခိုင်နှုန်း ခန့် သေဆုံးပြီး ကျန်နေခဲ့တဲ့လူသားတွေမှာ Space energy တွေကနေ စူပါလူသားတွေလို...