Part-1

923 91 0
                                    

3.2.2012

ဂန်​ဝမ်​ဒိုရဲစခန်း

စခန်းမှူး-"​ရှေ့​နေကြီး တရားခံနဲ့​တွေ့ပြီးပြီလား"

Mr.Kim-"အင်း..အခုပဲ..ဒါနဲ့အချုပ်​ခန်းထဲက​ကောင်​​လေးကဘာအမှုနဲ့လဲ..ငယ်​​သေးလားလို့"

စခန်းမှူး-"ဘယ်​သူလဲဗျ"

Mr.Kim-"​ကျောင်းဝတ်​စုံနဲ့​ကောင်​​လေး​လေ"

စခန်းမှူး-"​သြော်​..Wu Krisလား..အဲ့​ကောင်​​လေးက​ဆေးမှုနဲ့​လေ..စိတ်​ကြွ​ဆေး​တွေသူ့​ကျောပိုးအိတ်​ထဲမှာမိလို့"

Mr.Kim-"​ကောင်​​လေးက​ဆေးစွဲေ​နတဲ့ပုံလည်းမ​ပေါ်ပါဘူး..သူ့အုပ်​ထိန်းသူက​ရော"

စခန်းမှူး-"မိဘမဲ့​လေ အစ်​ကိုရှိတယ်​လို့​ပြောတာပဲ ဆက်​သွယ်​လို့မရဘူး ဒါနဲ့..ဘာလို့​မေးတာလဲဗျ"

Mr.Kim-"​ကြောက်​​နေတဲ့ပုံ​ပေါ်လို့ပါ ကျွန်​​တော်​သူနဲ့စကား​ပြောလို့ရမလား"

စခန်းမှူး-"ရပါတယ်​"

ခဏကြာ​တော့တရားခံစစ်​​ဆေးတဲ့အခန်းထဲကို​ဟောင်းနွမ်းဝါထိန်​​နေတဲ့​ကျောင်းဝတ်​စုံ​လေးကိုဝတ်​ဆင်​ထားတဲ့​​ကျောင်းသား​လေးတစ်ဦး​​ခေါင်းငုံ့ပြီးယိုင်​နဲ့​သော​ခြေလှမ်းများကိုအားပြုကာဝင်​လာသည်​ Mr.Kimကထို​ကောင်​​လေးကိုကြည့်​ကာပြုံးပြလိုက်​သည်

Mr.Kim-"ထိုင်​​လေ"

Mr.Kimရဲ့စကားသံအဆုံးမှာ​ကောင်​​လေးကMr.Kim​ရှေ့ကထိုင်​ခုံမှာ​နေရာယူလိုက်​သည်​ ​ခေါင်းက​တော့ငုံ့​နေမြဲ...

Mr.Kim-"ဦးနံမည်​ကKim Siwon​လေ ဦးက​ရှေ့​နေ​ပေါ့"

ရှေ့​နေဆိုသည့်​အသံကိုလည်းကြား​ရော​ကောင်​​လေးရဲ့မျက်​လုံး​တွေမှာ​ကြောက်​လန့်​မှု​တွေလွှမ်းခြုံသွားတယ်​ ဒါကိုMr.Kimကရိပ်​မိပြီး..

Mr.Kim-"မ​ကြောက်​ပါနဲ့ စကား​ပြောစရာ​နေရာမရှိလို့ဒီမှာ​ပြောတာပါ အပြင်​မှာကဆူညံ​နေတယ်​မဟုတ်​လား"

Mr.Kimက​တော့စကား​တွေ​ပြော​နေ​ပေမယ့်​​ကောင်​​လေးက​တော့တစ်​ခွန်းမျှမဆိုဘဲ​ခေါင်းငုံ့ပြီးသာနား​ထောင်​​နေသည်

CandleDove le storie prendono vita. Scoprilo ora