အခန်း (၁၆၆): မဟုတ်မှလွဲရော
Words Count: 4346
UNICODE
ကလစ်။
လေအေးပြင်းပြင်းတို့ထက်ပင်ထိတ်လန့်ဖွယ်ကောင်းသောအရာတစ်ခုသည် ရထားလုံးတံခါးဖွင့်လိုက်သည်နှင့် Cale အားကြိုဆိုနေပေတော့သည်။
"သ-သခင်လေး!"
သူ့အားတွေ့ မြင်လိုက်ရသည်နှင့်အလွန်ပျော်ရွှင်ဝမ်းမြောက်သွားဟန်ပေါ် သောလူတစ်ယောက်သည်လက်နှစ်ဖက်လုံးကိုဆန့်တန်းလျက် Cale ဆီသို့တန်းပြေးလာ၏။
ထိုသူမှာ ကြွက်တစ်ပိုင်းလူပုတစ်ပိုင်း Muller ပင်။ အခုပဲထငိုတော့မလိုရုပ်မျိုးဖြင့် Cale ဆီသို့တန်းမတ်စွာပြေးလာနေသော Muller မှာအပေါ် ထပ်ကုတ်အကျီကိုပင်သေချာမဝတ်ထား။
"...အဲ့တစ်ယောက်ကဘာဖြစ်နေတာတုန်း?"
Cale သည် Choi Han ဘက်သို့လှည့်ကြည့်မိသည်။ သို့သော်လည်း Choi Han သည်လည်းဘာမှထွေထွေထူးထူးမစဥ်းစားမိသလိုမျိုး သူ၏ပခုံးအစုံအားတွန့်ပြလေသည်။ ထိုအချိန်၌ပင် Muller သည်သူ့ရှေ့သို့ရောက်ချလာကာ အသက်ကိုပြင်းပြင်းရှုရိူက်၏။
"သ-သခင်လေး"
"ဘာတုန်း?"
ပုံမှန်ဆို Muller မှာ Cale ရှေ့၌ကြောက်လန့်တကြားကွေးကုပ်လို့နေမှာဖြစ်သည်။ ထို့ကြောင့်ပဲ Cale မှာ Muller တစ်ယောက်သူ့ရှေ့၌ပုံမှန်ထက်ကွဲလွဲစွာပြုမူနေသည့်အပေါ် နားမလည်ဖြစ်သွားရသည်။
ထိုအချိန် Muller သည် Cale ၏ဘောင်းဘီစအားဆွဲဆုပ်လို့လာ၏။
'...ဘာတွေဖြစ်နေတာလဲ?'
အသည်းအသန်ဖြစ်နေပုံပေါ် သော Muller ၏ပုံစံမှာ Cale အားစိတ်ရူပ်သွားစေခဲ့သော်လည်း သူသည်အရင် Muller အားတွန်းဖယ်ခဲ့ကာမေးမြန်းသည်။
'တစ်ခုခုတော့တစ်ခုခုပဲ'
ရဲတိုက်ကြီး၏တံတိုင်းနံရံများကိုမွမ်းမံပြင်ဆင်ခြင်း နှင့် ရွှေလိပ်သင်္ဘောကြီးအားဒီဇိုင်းရေးဆွဲပြီးနောက် Muller ၏လတ်တလောတန်ဖိုးမှာမြင့်တက်လို့နေချေသည်။ သူမှာခေါင်းကိုမော့ ရင်ကိုမောက်၍ပေါကြော့လျှောက်သွားလို့ရရက်သားနဲ့ ဘာကြောင့်သူ့ကြည့်ရတာကြောက်လန့်နေတဲ့ပုံပေါ် ရတာလဲ?

ВЫ ЧИТАЕТЕ
မြို့စားကြီးအိမ်တော်မှဆန်ကုန်မြေလေး || အတွဲ ၂
Фэнтезиအခန်း ၁၀၁ - ၂၀၀ [No Beta Read] ⚠️ ဘာသာပြန်သူ၏အချိန်ယူ ကြိုးစားအားထုတ်မှုကို လေးစားခြင်းအားဖြင့် ဘာသာပြန်သူခွင့်ပြုချက်မရှိဘဲ ပြန်လည်ကူးယူရောင်းစားခြင်းမပြုလုပ်ကြရန် မေတ္တာရပ်ခံပါသည်။ ⚠️