အချစ်ဦး

5.6K 353 11
                                    

အချစ်ဆိုတာ ဘာလဲ?,,,

ကျွန်တော် သူနှင့် စတင် သိကျွမ်းစဉ်ကတည်းက ကျွန်တော့် အတွေးတော်တော်များများကို နေရာယူခဲ့သည့် မေးခွန်းတစ်ပင်,,, အချစ်!,,,, အချစ်!,,, အမျိုးအမည် ခွဲခြားမရ, ,,, အမျိုးအစား ကွဲပြားမူမရှိ,,, ပမာဏတိုင်းတာ ပြစရာ စမ်းသပ်ကိရိယာ မရှိ,,, ဖမ်းဆုပ်ယူနိုင်သည့် ထုထည်လည်းမဟုတ်,,, ဒါဆို ,,,, အချစ်က ဘာလဲ,,,ပျော်လို့ ချစ်နေကြသည်လည်း မဟုတ်နိုင်,,ဒါဆို,,,, ပူဆွေးစရာ ဒဏ္ဍာရီ အချစ် ဇာတ်လမ်းတွေက ဖြစ်ပေါ်လာမည် မဟုတ်ဘူးလေ, ,,, ဒါဆို ဘာလို့များ ဒီအချစ်ကို စွဲလမ်းနေရတာလဲ,,,, ရူးသွပ်နေရတာလဲ,,, မိုက်မဲနေရတာလဲ,,,

ကြီးပြင်းလာသည့် ကျွန်တော့် သက်တမ်းတစ်လျှောက် လူတွေပြောနေကြသည့် ကြေကွဲစရာ အချစ်ဆိုတာကို ကျွန်တော် ယောင်လို့ပင် အိပ်မက်မမက်ခဲ့,,, စိတ်ကူးမယဉ်ခဲ့,,, မယဉ်ဆို အခု ကျွန်တော့် အသက် ၂၀ အထိ ကျွန်တော့် မိဘ, ,, ကျွန်တော့် ဆွေမျိုးအသိုင်းအဝန်းက မိသားစုများက ပျော်ရွှင်စရာ ကောင်းလွန်းသည်မို့လား,,, ကျွန်တော် သိတတ်စတည်းက ဖေဖေနှင့်မေမေ ရန်ဖြစ် စကားများသည်တောင် မမြင်ဖူး,,, မေမေက ဖေဖေ့ကို အရမ်းချစ်သည်,,, ထို့အတူ ဖေဖေကလည်း မေမေ့ကို တန်ဖိုးထားသည်,,, တစ်ခေတ်တစ်ခါက အလွန်နာမည်ကြီးပြီး အခုထိ အောင်မြင်မူကို ထိန်းထားနိုင်သည့် နာမည်ကြီး အဆိုတော် ဖေဖေက အနုပညာလောကမှာ စံပြ အိမ်ထောင်ရှင်လည်း ဖြစ်သည်လေ, ,,, ငယ်ငယ်တည်းက မေမေ ပြောစကားများအရ ဖေဖေနှင့် မေမေက မိဘ သဘောတူလို့ အိမ်ထောင်ကျခဲ့ပေမယ့် မေမေအတွက်တော့ ဖေဖေက အချစ်ဦးပင်,,,

( သား အဖေက ငယ်ငယ်တုန်းက အရမ်းဆွဲဆောင်မူရှိတာ အရမ်းလည်း ယောကျာင်္းပီသတာ,,)

မေမေ ထိုစကားကို ပြောတိုင်း မေမေ့မျကိဝန်းက ကြည်နူးမူတွေ,,, ဟုတ်မှာပါ,,,ဖေဖေက အခုအသက်၄၀ ထိ နုပျိုပြီး ချောမောခန့်ညားဆဲလေ, ,,,

( ဖေဖေ နဲ့သား ဘယ်သူချောလဲ ) ကျွန်တော်မေးရင်တော့ မေမေ အမြဲဖြေတတ်တာကတော့

( သားအဖေရဲ့ အမွေတွေသားဆီမှာ အကုန်ရှိတယ် သားရဲ့,,)

ကျွန်တော် ပြုံး၍သာ နေမိသည်,,, မေမေ ပြောသလို ကျွန်တော်က အဖေတူသားလေ, ,, ဖေဖေရဲ့ မျက်လုံးအိမ်ကျဉ်းကျဉ်းလေးက ဖေဖေ့လိုပင် မမှေးပဲ အနေတော် ဖြစ်နေပြီး,,, ဖြူဖွေးသည့် ခပ်လတ်လတ်အသားအရေကအစ ဖေဖေလို,, ပြီးတော့ နှာတံစင်းစင်း,,, တိကျသေသပ်သည့် မေးရိုးအကျ,,, အားလုံးက ဖေဖေ့အမွေများစွာ,,, အဲ မတူတာ နှစ်ခုကတော့ ဖေဖေ့မှာရှိသည့် ချစ်စရာကောင်းလှသည့် သွားတက်က ကျွန်တော့်မှာ မရှိပဲ,,, ကျွန်တော့်ရဲ့ ပြီးပြည့်စုံသည့် ယောကျာင်္းပီသမူကို ကြည့်ကောင်းအောင် ဖန်တီးထားသည့် ကျွန်တော့် နုတ်ခမ်းပါးအပေါ်က မှဲ့နက်လေးက မေမေ ကျွန်တော့်ကို ပေးသည့် တစ်ခုတည်းသော် အမွေလေးပင်,,,

အာဒံ မခူးခဲ့သော ပန်းသီးတစ်လုံးWhere stories live. Discover now