အချစ်ဆုံး

4.2K 384 41
                                    

ကံကြမ္မာဆိုတာ ဘယ်သူက ဘယ်ဖန်ဆင်းခဲ့တာလဲ?,,

ကျွန်တော် အတွက် သိပ်ကို ခက်ခဲလွန်းသည့် မေးခွန်းတစ်ခုပင်,,, ငယ်ငယ်တုန်းကတော့ ကံကြမ္မာဆိုတာ မိမိဘာသာ မိမိ ဖန်တီးတယ်လို့ ဖေဖေ ပြောဖူးပေမယ့်,,,

မေမေ ကတော့ ဖေဖေနှင့်မေမေ့ရဲ့ တွေ့ဆုံမူ ကံကြမ္မာကို တန်ခိုးရှင်တွေက ဖန်တီးပေးခဲ့တာ,,, ဒါကြောင့် ရှောင်လွဲမရပဲ ဆုံဆည်းစေခဲ့တာ,,,, ပျော်ရွှင်စေခဲ့တာ,,,,

ကျွန်တော်ကရော,,, ကျွန်တော် နှင့် သူ့ အတွက် ဆုံဆည်းမူ ကံကြမ္မာကရော,,, တန်ခိုးရှင်က လှပစွာ ဖန်ဆင်းပေးမလား,,, ကျွန်တော် ကိုယ်တိုင်က ဖန်တီးယူရမလား,,,, ဆန်းကျယ်စွာ ပါတ်သတ်ခဲ့မိသည့် သူနှင့်ကျွန်တော့်အတွက် အဆုံးသတ်ဆိုတာ ခပ်ရေးရေးအလွမ်းပုံပြင် တစ်ပုဒ်မဖြစ်စေချင်,,, အဆုံးသတ်မှာ ကျွန်တော် ထိခိုက်နာကျင်စေမည်ဆိုရင်တောင် ကျွန်တော် joongie နဲ့ တွေ့ဆုံခွင့်ကို အခွင့်ရှိသ၍ ကြိုးစားရှာဖွေနေမိမှာပင်,,,,

ထိုညက မင်း ဘယ်သူလဲဆိုသည့် ဖေဖေ့ စကားသံအဆုံး ကျွန်တော် ဆက်ပြောမည့် စကားတွေ ဆွံ့အနေခဲ့သည်လေ, ,,, စောစောက ဖေဖေ ပြောတော့ မွေးနေ့ ညမှာပဲ သူ့ကို ငြင်းခဲ့သည်ဆို ,,, မေမေ့ကို လက်ထပ်ဖို့ လက်ခံခဲ့သည်ဆို ,,, အခု မွေးနေ့ကျော်လွန်ခဲ့သည့် မနက်ခင်းစောစော မှာ ဖေဖေ သူ့ ဆီ ရောက်နေသည်က မည်ကဲ့သို့သော သဘောလဲ,,, ကျွန်တော် မတွေးတတ်ခဲ့,,, မတွေးရဲ ခဲ့မိတာပါ,,,

( မင်း ကို ငါ မေးနေတယ် မင်း ဘယ်သူလဲ,,, ဘာလို့ joongie ဆီ လှမ်းပြီး စကားတွေ ပြောနေရတာလဲ,,,)

ဖေဖေ့ ခပ်မာမာ စကားသံနောက်က ကျွန်တော် ကြားချင်နေသည့် သူ့ရဲ့ စကားသံ ခပ်တိုးတိုးလေး,,,(တော်တော့ babe, ,, )

ဆိုသည့် သူ့ စကားသံလေး,,,အမှန်တိုင်း ဝန်ခံရစတမ်းဆို,, ကျွန်တော် အနည်းငယ်တော့ ဝမ်းနည်းနာကျင်မိသည်,,, ဟင့်အင်း!,,, မဟုတ်ဘူး,,, ကျွန်တော် အရူးတစ်ယောက်လို အော်ဟစ်ချင်မိတာ ,,, ကျွန်တော် မနာလိုမုန်းတီးနေမိသည်က ကျွန်တော့် အဖေ ဖြစ်နေခြင်းက ကျွန်တော့် အတွက် တော်တော်ကို ကတိကအောက်နိုင်လှသည့် အနေအထားတစ်ခုပင်နော်,,, ဖေဖေ အောင်မြင်ခဲ့သည့် သူ ဖန်တီးခဲ့တဲ့ သီချင်းများထဲမှ babe ဆိုသည့် အသုံးအနှုံးတွေ ,,,, I love u ဆိုသည့် စာသားတွေက အခုတော့ အရင်ကထက် ကျွန်တော့်ကို ပိုပြီး ထိခိုက်စေခဲ့သည်လေ, ,,, ကျွန်တော် ဘာမှ ဆက်မပြောနိုင်ခင်မှာပင် တစ်ဖက်က အဆက်အသွယ် ဖြတ်တောက်သွားသည်, ,,

You've reached the end of published parts.

⏰ Last updated: Oct 23, 2017 ⏰

Add this story to your Library to get notified about new parts!

အာဒံ မခူးခဲ့သော ပန်းသီးတစ်လုံးWhere stories live. Discover now