Two Moon (KS)

562 36 1
                                    

Part (1)

ဒီနေ့မနက်စောစော အပြင်မှာ နှင်း တွေကျနေတာကို အိပ်ရာထတော့ ပြတင်းပေါက်က တဆင့်တွေ့လိုက်ရတယ်..။ စောသေးတယ်လို့ ထင်နေပေမယ့် နာရီကြည့်တော့ မနက် ၅ နာရီထိုးနေပြီ..။ အိပ်ရာထဲမှာ ဆက်ကွေးချင်နေပေမယ့် ကျောင်းချိန်အမှီလာကြိုမယ့် ကားအမီ ပြင်ဆင်ရမှာမို့ မထချင်, ထချင်နဲ့ ရေချိုးခန်းကိုထခဲ့ရပါတယ်..။ ရေကလည်း ညကတည်းက ပုံးထဲထည့်ပြီး အအေးခံထားတာမို့ တော်တော်လေး အေးနေတာပါပဲ..။ ရေချိုးခန်းထဲက မှန်ထဲမှာ ကိုယ့်မျက်နှာကို ပြန်ကြည့်မိတော့ ကျွန်တော် တော်တော် စိတ်ပျက်သွားတယ် ..။ ချောတဲ့ ယောက်ျားတစ်ယောက်တော့ မဟုတ်ပါဘူး
ဘာတဲ့ လူတိုင်းပြောတာ ချစ်စရာ ကောင်းတယ်တဲ့ ..။ နိမ့် လွန်းတဲ့ အရပ်, သေးညှပ် တဲ့ ကိုယ်ခန္ဓာနဲ့ လူတိုင်းက ကျွန်တော့်အသက် ၂ဝ ကျော်ဆိုတာ ဘယ်သူမှ မယုံလောက်အောင်ကို အဆင်မပြေတဲ့ ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားတဲ့ သူပါ..။
ရေမချိုးဖြစ်သေးဘဲ သွားတိုက်ရင်းနဲ့ အရင်က အကြောင်းတွေကို ပြန်စဉ်းစားမိတယ်..။

**************

" Mom .. သားကျောင်းသွားတော့မယ်" လို့နှုတ်ဆက်ပြီး ကျွန်တော် အိမ်ကနေ အပြေးထွက်ခဲ့မိတယ်..။ မနက် ၆ နာရီခွဲ နိုဝင်ဘာလ ဆောင်းဝင်ကာစ မြူတွေနဲ့ မနက်ခင်းက ကျွန်တော့်ကို လေအေးနဲ့ ကျွန်တော့်ကို နှုတ်ဆက်လိုက်တယ်..။ Bus ကားက ဒီနေ့တော့ စောင့်စရာမလိုဘဲ ကျွန်တော် ကားဂိတ်ရောက်တာနဲ့ ရောက်လာခဲ့ပါတယ်..။ စီးနေကျအတိုင်း တက်စီးလိုက်တယ်..။ ကျွန်တော့်ကို ကားသမားကတောင် မှတ်မိနေပြီ..။
"ငါ့ညီက အချိန်မှန်ပဲနော်...။ ဘာသင်တန်းမို့လို့ ဒီလောက် စောရတာလဲကွ.."
ကျွန်တော်က Korean University မှာ ဒီပလိုမာ သင်တန်းတစ်ခု တက်နေတာလေ..။ အတန်းချိန်က ၇ နာရီခွဲစနေကျဆိုတော့ ကျွန်တော် ၆ နာရီခွဲလောက် ကားစီမှ အချိန်မီရောက်မှာလေ..။ နည်းနည်းစောစောရောက်ရင် Canteen ထိုင်ပြီး အအေး သာက်ပြီး ငေးနေ တွေးနေကျလေ..။ ဒီလိုပဲ ကားသမားကို ရှင်းပြလိုက်တယ်.။ နောက်တော့ သူလည်းကားကို အာရုံစိုက်မောင်း ကျွန်တော်လည်း MP3 နားထောင် ဆိုတော့ စကားစ ပြတ်သွားကြတယ်..။
အမှန်တော့ ဒီနေ့ အတန်းက ၉ နာရီမှ စမှာ...။ ဒါပေမယ့် ကျွန်တော်ဆုံနေကြ လူတစ်ယောက် ကို ဆုံချင်လို့ တမင် စောစော ထွက်လာလိုက်တယ်..။ မှတ်တိုင်ရောက်တော့ ကျွန်တော် ဆင်းလိုက်တယ်..။ လျှောက်နေကျဖြတ်လမ်းလေးအတိုင်း ဖြည်းဖြည်းချင်း လျှောက်လာလိုက်တယ်..။ကျွန်တော်နဲ့ သူနဲ့ ဆုံနေကျနေရာရောက်တော့ သူမရှိဘူး..။ ကျွန်တော် စိတ်ထဲ မကောင်းဖြစ်သွားတယ်..။ သူဘာများဖြစ်လို့ပါလိမ့်..။ ရပ်နေလို့လည်း အဆင်မပြေတာမို့ ဖြည်းဖြည်းချင်းဆက်လျှောက်လာလိုက်တယ်..။ နောက်က ခြေသံကြားလို့ လှည့်ကြည့်လိုက်တော့ သူဖြစ်နေတယ်..။ သူဆိုတာ ကျွန်တော့် Angel လေးလေ..။ သူက ဒီအချိန်ဆို ဒီနေရာမှာ အပြေးလေ့ကျင့်နေကျလေ..။ ကျန်းမာရေးလိုက်စားတဲ့သူတစ်ယောက် ဆိုတာ မြင်တာနဲ့ သိသာပါတယ်..။ ဆွဲဆောင်မှုကောင်းတဲ့ ကိုယ်ခန္ဓာ..ညှို့အားကောင်းတဲ့ မျက်ဝန်းတစ်စုံ ပိုင်ဆိုင်တဲ့ သူတစ်ယောက်..။ အသက်ကတော့ ကျွန်တော်နဲ့ ရွယ်တူ ၁၈၊ ၁၉ လောက်တော့ရှိမယ်..။

Two Moon (KS)Where stories live. Discover now