အလွန်လှပသာယာပြီးkoreanမှာနာမည်အကြီးဆုံးကျောင်းကြီးတစ်ကျောင်း...သူဌေးတွေသာနေနိုင်သည့်ကျောင်းကြီး
အဆောက်အဦးများစွားကအတန်းလိုက်အတန်းလိုက်အဆောက်အဦတစ်ခုကိုအထက်(5)ထက်သာပါသည်။ဆရာ/ဆရာမတွေကလဲအထက်တန်းကစာတွေကိုထုံးလိုမွှေရေလိုနှောက်သိတဲ့သူတွေ!!
ထိုကဲ့သို့ကြီးမားလှတဲ့ကျောင်းဝင်းကြီးထဲကိုပြိုင်ကားအနီရောင်တစ်စီးအရှိန်အဟုန်နဲ့ဝင်လာသည်။ကျောင်းသား/ကျောင်းသူတွေကိုဘယ်သူလို့ပြောစရာမလိုအောင်ကိုသိနေသည်။
သို့သော်ထိုကားကိုသူတို့စိုက်ကြည့်နေကြသည်။ကားတခါးကိုလူတစ်ယောက်ကလာဖွင့်ပေးသည်။
အနီရောင်လည်ရှည်bootလေးစီးထားတဲ့ခြေတစ်ဖက်ကျလာသည်။ခြေသလုံးနှင့်ပေါင်တန်တို့ကသေးသေးသွယ်သွယ်လေးတွေဖြစ်သည်။skritကကသူများတွေထက်ကိုတိုသည်။အနီအကွက်လေးဖြစ်သည်။အင်္ကျီအဖြူကိုလဲကျကျနနဝတ်ဆင်ထားသည်။
ဆံပင်ကိုတစ်စောင်းမြှောက်စည်းထားသည်။အရှေ့တွင်ချထားသောဆံပင်ကမျက်စိတစ်ဖက်ကိုအုပ်နေပြီးခရမ်းရောင်ဖြစ်သည်။
သူမကတော့ကျောင်းမှာနာမည်အကြီးဆုံးပေါ့။သူမနာမည်ကို ကျောင်းက ကလေးကစခွေးအဆုံးအကုန်သိသည်။ Park yeollie၏မိဘတွေက koreanမှာသာမက ကမ္ဘာမှာပါ အချမ်းသာဆုံးစာရင်းကိုချိတ်ထားသူတွေ။သူမ မိဘတွေကသူမ(3)နှစ်အရွယ်ကစီးပွားရေးကိစ္စနဲ့ပြဿ နာ တက်ပြီး ကွာရှင်းခဲ့သည်။သူမ(7)နှစ်အရွယ်မှာ သူမAppaနောက်အိမ်ထောင်ပြုပြီး သူမမိထွေးကို အိမ်ပေါ်ခေါ်တင်ထားခဲ့သည်။မိထွေးမှာ သားတစ်ယောက်ပါလာသည်။
သူမသားနဲ့လဲရောရောထွေးထွေးမနေ သူမက တကိုယ်တည်းသမားဖြစ်သည်။သူမOmmaကတော့ သူမ(10)နှစ်မှာပဲနောက်အိမ်ထောင့်ပြုခဲ့သည်။ဒီကြားထဲ သူမAppaကUKကို စီးပွားရေးကိစ္စနဲ့တစ်နှစ်လောက် သွားခဲ့ရတော့ သူမAppaကိုလဲမကြည်တော့ချေ။ မေတ္တာငတ်မွတ်ပြီး နာကျင်မှုတွေနဲ့ကြီးပြင်းလာရတဲ့ သူမ။
သူမရဲ့ထူးခြားတဲ့အကျင့်က ပီကေအမြဲဝါးခြင်းဖြစ်သည်။ပီကေကို သူမကြိုက်လို့ဟုသာ အားလုံးသိကြသည်
******
Yeollieကျောင်းလမ်းတစ်လျောက်လျောက်နေတုန်း ကျောင်းထဲသို့နောက်ထက်ကားတစ်စီး အရှိန်ပြင်းပြင်းနဲ့မောင်းဝင်လာပြန်သည်။Yeollieထိုကားကိုလက်ပိုက်လက်ကြည့်နေသည်။