နှင်းဆီပန်းလေး တပွင့်က သူ့ကိုယ်တိုင် လမ်းလျောက်လာမည်တော့မထင်ပါ
ညတိုင်းဆိုသလိုပဲ တနေ့တရောင် နှင်းဆီပန်းလေး တပွင့် ကျွန်တော့် ခြံရှေ့လာထားတက်တယ်ပန်းပွင့်လေးရဲ့ အောက်ခြေနားလေးမှာ ပန်းနုရောင် ဖဲကြိုးလေး ချည်ပြီး ကဒ်ပြားလေးတခုပေါ်မှာ "Just For BamBam" လို့ရေးပီး ညတိုင်း ခြံတခါးဝမှာ ရောက်နေတက်တယ်
ကျွန်တော်ပဲ သတိမထားမိတာလား လာပေးတဲ့သူကပဲ ပိရိနေခဲ့တာလား ဝေခွဲမတက်ခဲ့ဖူး
ကျွန်တော့်အထင်တော့ ညတိုင်း ဂစ်တာ တလုံးနဲ့ သီချင်းဆိုတက်တဲ့ ကျွန်တော့်အသံကိုများ သူကြိုက်နေလို့များလားပေါ့တနေ့ကျတော့ အနီရောင် နှင်းဆီပွင့်လေးရဲ့ ဖဲကြိုးလေးပေါ်က စာရွက်လေးမှာ "BamBam ရဲ့သီချင်းဆိုသံကို ညတိုင်း နားထောင်နေခဲ့မိသူပါ " တဲ့
သူမဘယ်သူလဲဆိုတာ ကျွန်တော် သိပ်သိချင်နေခဲ့မိပါတယ်သူမရဲ့ လျှို့ဝှက်စွာ လာရောက်ပေးခဲ့တဲ့ ဒီနှင်းဆီပန်းပွင့်လေးတွေကိုပဲ မျှော်နေခဲ့ရတာ
ယောကျာ်းလေးတယောက်က မိန်းကလေးတယောက်ကိုပဲ ထူးဆန်းတာတွေ ဖန်တီးပေးတက်တယ်လို့ ကျွန်တော်ယုံကြည်နေခဲ့တာ သူမနဲ့ကျမှ ဒါတွေက ပြောင်းပြန်အချိုးကျနေပါလားနော်တနေ့ထက်တနေ့ ညတိုင်း ဂစ်တာတီးပြီး သီချင်းတွေ ပိုဆိုဖြစ်ခဲ့တယ် တိတ်ဆိတ်တဲ့ ရက်ကွပ်လေးထဲဝယ် ညညဆို ကျွန်တော့် ဂစ်တာသံလေးနဲ့ ဖုံးလွှမ်းနေပါတော့တယ်
YOU ARE READING
30thမြောက် နှင်းဆီလည်တိုင်
Randomနှင်းဆီတွေကိုချစ်တာလား နှင်းဆီတွေ ပို့ပေးတဲ့သူ့ကိုချစ်တာလား