Sehun နောက်ပြန်လှည့်ကြည့်လိုက်တော့ နက်ပြာရောင်ရှပ်ပေါ် အနက်ရောင်ဖဲသား Coat နှင့် လည်ပင်းတွင် လိပ်ပြာတောင်ပံစီးကာ ကျော့မော့နေသော Xiao Luhan။ ဆံပင်များက ဂျယ်အောက်တွင် ငြိမ်သက်စွာ ဝပ်ဆင်းလျက်။ မနေ့က
လမ်းပေါ်တွင် ဆေးလိပ်တဖွာဖွာ လျှောက်သွားနေပုံနှင့် လားလားမျှမဆိုင်တော့။"ငါ့ဆံပင်တွေပွနေလို့ မင်းဂျယ်နည်းနည်း ယူလိမ်းလာတယ်။ ဘယ်လိုလဲ အဆင်ပြေရဲ့လား"
"ahkkk ..... ပိုတောင်ပိုနေပြီ။ အဝတ်အစားက လူတစ်ယောက်ကို လုံးဝပြောင်း
လဲပေးလိုက်နိုင်တာပဲ""နဂိုရှိလို့ နဂိုင်းထွက်တာပါကွာ မင်းကလည်း"
"သွားရအောင် နောက်ကျတော့မယ်"
................................................................
"Sehun ပစ်မှတ်က ဒီတစ်ခေါက်တော့ ဦးလေးပေါ့"
"ဦးလေးမဟုတ်ပါဘူး။ ဦးလေး company ပါ"
"မင်း အဖေမျက်နှာကိုတော့ နည်းနည်းထောက်ဖို့ကောင်းပါတယ်"
"အဖေ့မျက်နှာကြောင့်ဆို ကျွန်တော်ဒီထက်ပိုဆိုးအောင်လုပ်မိမလားပဲ"
မှာထားသော ဟင်းပွဲများရောက်လာသဖြင့် Mr: Lee နှင့် Sehun စကားစ ရပ်သွားသည်။ အစားအသောက်များကို မြင်သည်နင့် မျက်လုံးများ မီးဝင်းဝင်းတောက်လာသည်က Luhan။ Mr: Lee နှင့် အတူပါလာသော သူ၏မြေးဆိုသူကလည်း Luhan အပြုအမူများကို မျက်တောင်မခတ်လိုက်ကြည့်နေသည်။
"Sehun ဟိုလေ salad မပါဘူးလား?"
"Salad က main dish ပြီးမှချမှာ အခု ဟင်းချိုအရင်သောက်လိုက်"
"main dish??"
*sigh* Mr: KAI က ငါကို salad စားနည်းပဲ သင်ပေးလိုက်တာ။
Sehun .... Luhan စိတ်ရှုပ်နေသောမျက်နှာကြောင့် အလိုက်သိစွာ ဖြန့်စီထားသော ဓား၊ ဇွန်း၊ ခက်ရင်းများစွာထဲမှ ဇွန်းတစ်ခုကို ရွေးပြီး Luhan ဟင်းချိုပန်းကန်တွင် ကောက်တပ်ပေးလိုက်သည်။ ထိုအခါကျမှ Luhan လည်း အသက်ရှူချောင်ကာ အဆက်မပြတ်ငတ်နိုင်လေတော့သည်။ ဟင်းချိုတစ်ခွက်ကုန်သွားတော့ Sehun နားကပ်ကာ အသံတိုးတိုးလေးဖြင့်
YOU ARE READING
We Found Love
Fanfiction-Sehun,LuHan (HunHan,Yaoi,15+) Happy Ending ဆိုတာ Fairy Tales တွေထဲမှာပဲရှိတာ။ တကယ့်လက်တွေ့ဘဝမှာတော့ Happen Ending တွေပဲရှိတယ်။