We Found Love (Final)

3.7K 279 9
                                    

Sehun ခုတင်​​ပေါ်မှာ​ခွေ​ခွေ​လေးအိပ်​​နေ​သော Luhan ကိုကြည့်​ရင်း စဉ်းစား​နေမိသည်​။ သူ ဒီ​နေ့ လုပ်​ခဲ့တာ လွန်​သွားသလားလို့။ သူနားလည်​ပါတယ်​ တချို့အမှန်​တရား​တွေက အရမ်းနာကျင်​ရတယ်​ဆိုတာ။ သိ​နေရက်​သားနဲ့​တောင်​ Kris ကို​ပြောလိုက်​တာ သူလွန်​တာ​ပေါ့။

........................................................

Sehun ပြန်​​ရောက်​လာ​တော့ Luhan မရှိ​တော့။ Kris က
"မင်း​ကောင်​​လေးကို ငါနည်းနည်းစလိုက်​တာ ​တော်​​တော်​အထိနာသွားပုံပဲ" ဟု ဆိုသည်​။
Sehun ...... Kris ကို မီးဝင်းဝင်း​တောက်​​နေ​သော မျက်​လုံးများနှင့်​ကြည့်​ကာ Luhan ကို ရှာရန်​ လူအုပ်​ကြားထဲမှ ​ပြေးထွက်​လာခဲ့သည်​။

Luhan တမင်​တကာချွတ်​သွားသည်​လား ကျွတ်​ကျကျန်​​နေခဲ့လား မသိ​သော ရှူးဖိနပ်​များကို​တွေ့​တော့ Sehun ပြုံးကာ အမြတ်​တနိုးလိုက်​​ကောက်​​နေမိသည်​။

*Luhan မင်းကငါ့ရဲ့ ​ခေတ်​သစ်​ Cinderella ​လေးပဲ*

...........................................................

မ​နေ့ညက သူနှင့်​ Sehun ငြိမ်းချမ်း​ရေး ပြန်​ရသွားသည်​။ Sehun က သူ့ကို
တောင်းပန်​သည်​။ ထို့​နောက်​ သူ့​ခြေ​ထောက်​မှ ဒဏ်​ရာများကိုလည်း ​ဆေးထည့်​​ပေး​သေးသည်​။ အမှန်​အတိုင်း​ပြောရလျှင်​ သူယခုချိန်​မှာ Sehun ဆီမှ ဂရုစိုက်​မှုများအားမလိုချင်​​တော့ပါ။ Sehun ဘယ်​လိုပဲ​တောင်းပန်​သည်​ဖြစ်​​စေ သူ့သ​ဘောထား အစစ်​အမှန်​ကို သိရပြီး​နောက်​ ဘာမှ ထပ်​မ​မျှော်​လင့်​​ရဲတော့။ အချိန်​တန်​လျှင်​ သူလည်း သူ့နိုင်​ငံ​ အေး​ဆေးပြန်​သွားမည်​ဖြစ်​ပြီး ကိုယ်​လည်း စိတ်​ပျက်​စရာ​ကောင်းတဲ့ ကိုယ့် ဘဝအမှန်​ထဲ ပြန်​ဝင်​ ကျင်​လည်​ရဦးမည်​ပဲ။

............................................................

"Oh! Gosh! Byun Baekhyun က လူလိုသူလို​တွေဝတ်​လို့ပါလား။"

"Five stars hotel ကြီးမှာ သူ​တောင်းစား တစ်​​ကောင်​ကို ​တွေ့ဖို့လာ​တော့လည်း ဝတ်​လာရတာ​ပေါ့။ မင်းက​တော့ လုံးဝ high class စတိုင်​လ်​ပဲ။ အဲ့အင်္ကျီ​တွေအားလုံး တစ်​ပတ်​ကုန်​ရင်​ မင်း​ပေးလိုက်​မှာလား"

We Found LoveOù les histoires vivent. Découvrez maintenant