Vampire history part(5)
ဟင် သူမကဘယ်သူလည်းမသိဘူး ရှုပ်ရှုပ်ရှပ်ရှပ်ငါလူတွေကိုမုန်းပါတယ်ဆိုမှပဲ ငါ့လက်ကိုတောင်လာကိုင်ထားသေးတယ်
အား စိတ်ရှုပ်စရာကောင်းလိုက်တာ
ဒါပေမယ့်ငါသူ့မျက်လုံးတွေသူ့နှုတ်ခမ်းလေးတွေကိုရင်းနှီုးနေသလိုပဲ
ဒါပေမယ့်ငါ့မှာဆွေမျိုးမှမရှိတာအခုငါနေတဲ့အိမ်တောင်မှ
ဟိုလူကြီးစီစဉ်ပေးထားတာလေ
အဲ့ဒီအိမ်သားတွေလည်းသနားပါတယ်ဟိုလူကြီးစိတ်ညို့လိုက်လို့
ဘာမှမတော်တဲ့ငါ့ကိုတောင်မှသူတို့တူဆိုပြီးလှိုက်လှိုက်လှဲလှဲဆက်ဆံနေကြတယ်သနားစရာကောင်းလိုက်တဲ့လူတွေပါလား
ပြီးတော့အဲ့ဒီလူကြီးကပြောသေးတယ်ငါ့ကိုကျောင်းတတ်ရမယ်ဆိုပဲ
အဲ့လူကလည်းလေငါလူတွေနဲ့မပတ်သတ်ချင်ဘူးဆိုနေမှအဲ့ဒီလူတွေနဲ့ပဲပတ်သတ်ခိုင်းနေတယ်စိတ်တိုဖို့ကောင်းလိုက်တာအဲ့လူကြီးကလေတကယ်ပဲ ......"ငါ့ကိုအဲ့လူကြီးလို့မခေါ်နဲ့လို့ပြောထားတယ်မလား ပြီးတော့ငါတို့ကလူမဟုတ်ဘူး vampire အဲ့တော့ငါ့ကို suho လို့ပဲခေါ်"
"ဟုတ်ပါပြီ ဒါနဲ့ကျွန်တော်စဉ်းစားနေတာကိုဘယ်လိုသိလဲ"
"ငါက vampire ငါကလေလူတွေရဲ့စိတ်ထဲကိုဝင်ကြည့်လို့ရတယ်"
"ကျွန်တော်လည်း vampire ပဲလေ ကျွန်တော်ရောသူများတွေစိတ်ထဲဝင်ကြည့်လို့မရဘူးလား"
"မင်းက vampire ဆိုတာတော့ဟုတ်ပါတယ်
ဒါပေမယ့်မင်းကို vampire အဖြစ်အသိအမှတ်မပြုရသေးဘူးလေ၊
မင်းကအခုပုံမှန်ဆိုရင်နှလုံး လုံးဝမခုန်သေးတဲ့ vampire ပဲ၊
မင်းရဲ့နှလုံးကိုပြန်ခုန်အောင်လုပ်နိုင်တဲ့ပထမဦးဆုံးမိန်းကလေးကိုမင်းရှာ
ရမယ်၊မင်းအဲ့ဒီမိန်းကလေးကိုတွေ့တာနဲ့မင်းရဲ့နှလုံးသားကပြန်ခုန်လာ
လိမ့်မယ်မင်းနှလုံးသားပြန်ခုန်လာတာနဲ့တစ်ပြိုင်နက် မင်းအစွယ်တွေထွက်လာလိမ့်မယ်။မင်းအစွယ်တွေထွက်လာစေတဲ့အဲ့ဒီကောင်မလေးရဲ့သွေးကိုသောက်ရမယ်အဲ့ဒီအချိန်ကျမှမင်းဟာထာဝရရှင်သန်တဲ့ vampire တစ်ကောင်ဖြစ်လာမှာ၊တကယ်လို့
မင်းရဲ့ပထမဦးဆုံးမိန်းကလေးကိုရှာတွေ့ပြီးတစ်လကြာတဲ့အချိန်အထိမင်း
သူမရဲ့သွေးကိုမသောက်နိုင်သေးရင်၊အဲ့ဒီလ ရဲ့လပြည့်နေ့မှာမင်းထာဝရပျောက်ကွယ်သွားရလိမ့်မယ်ငါပြောတာတွေကိုမင်းမှတ်ထားပါအဲ့ဒါတွေကမင်းအတွက်အရေးကြီးတယ်။ပြီးတော့မင်းတတ်ရမယ့်ကျောင်းနာမည်က xoxo အထက်တန်းကျောင်းတဲ့မနက်ဖြန်စတတ်ရမှာနော်မမေ့နဲ့ ငါမင်းအတွက်ကျောင်းအပ်ပြီးပြီ
ကံကောင်းပါစေကွာ"

YOU ARE READING
Vampire History
Acakအလွန်ဖော်ရွေပြီးအရာရာက်ုအကောင်းမြင်တတ်သောသူ့ရဲ့စိတ် စာတော်ပြီးဘဝကိုအဓိပါယ်ရှိရှိဖြတ်သန်းမယ်လို့တွေးထားတဲ့သူအိမ်မက်ကိုအကောင်အထည်ဖော်ချင်တဲ့သူ ချောမောလှပလွန်းတဲ့အတွက်မိန်းကလေးတွေဝွာူ ဝိုင်းဝိုင်းလည်နေတတ်တယ်။ အမြဲတမ်းနမော်နမဲ့နိုင်ပြီတော့သူ့ချစ်သူကိ...