Genre : Angst Drama
Characters : Suho,Chanyeol,Byun BaekHyun,Do KyungSoo,Kim Jongin
Written By....Doexo L Kaiyeollieho Baconnie and Me
******Part 3*******
At Morning
မနက် မိုးလင်းတော့ Yeol ထိုင်လျက်လေး အိပ်ပျော်နေရင်း နေရောင်ခြည် က သူ့မျက်နှာပေါ် ကျလာတော့ သူ မျက်လုံး လေး မဖွင့်ချင် ဖွင့်ချင် နဲ့ ဖွင့်လိုက်လေသည်
ပြီးတော့ သူ့ ရင်ခွင် ထဲမှာ အိပ်ပျော်နေတဲ့ သူ့ ညီလေး Kyungie...သူ သူ့ ဆံပင် လေးတွေ ကို အသာ လေး သပ်ပေး လိုက်သည်
Kyungie ကြည့်ရတာ ချမ်းနေတယ် ထင်ပါတယ်
ဘောင်းဘီ တိုလေး နဲ့ အင်္ကျီ ကလည်း လက် တိုလေး ဆိုတော့ ကွေးကွေးလေး ဖြစ်နေတယ်လေ ..သူ အသာ လေး နှိုးလိုက်တော့ ထလာပြီး
Kyungie..Hyung.Morning..Suho Hyung တို့ကို ရှာကြတော့မလား ဆိုပြီး မျက်ရည်တွေ ၀ိုင်းပြီး မေးလေသည်
Yeol...အင်း ရှာမှာပေါ့ ခု ရှာကြမယ်လေနော် မနေ့က ပေါင်မုန့်လေး စားလိုက်နော်
Kyungie..ဟင့်အင်း သား မဆာဘူး Hyung ဘဲ စားလိုက်နော် ..Hyung ပြီးတော့လေ
Yeol...အင်း
Kyungie....Suho Hyung တို့ ကို ရှာမတွေ့ တော့ရင် သားတို့ ၂ယောက်ထဲ ဘယ်လို လုပ်ကြမလဲဟင် ကျွန်တော် ကြောက်တယ် ဆိုပြီး ငိုပြီး ပြောရှာလေသည်
Yeol လည်း Kyungsoo ကျောပြင်ကို ဖွဖွလေး ပုတ်ပေးပြီး
Arrani....တွေ့ မှာပါ အဲလို မတွေး ရဘူးနော် လာ သွား ကြစို့  ဆိုပြီး Kyungsoo လက်လေးကို ဆွဲပြီး ထွက်ခဲ့လေသည်..
Yeol တစ်ယောက် Kyungsoo လက်လေး ကို ဆွဲရင်း တစ်ဝဲလည်လည် ဖြစ်နေလေသည်...
ညီ အကို ၂ယောက် လက်ဆွဲရင်း တစ်နေကုန် ပတ်ရှာနေတာ ဗိုက်ထဲမှာလည်း အဆာ ဆို လို့ မနေ့က က ပေါင်မုန့် လေး ကို တစ်ယောက် တစ်ဝက်စီ ဘဲခွဲစား ထားကြတာ...သူတို့ နေခဲ့ တဲ့ ခြံရှေ့ လည်း ရောက် ပေမယ့် ဘယ်သူ့ ကိုမှ မတွေ့ ...သူတို့ အိမ် ကလည်းအခု ချိန်မှာ မြင် ရတာက ပြာပုံကြီးပင်..... .ညနေ လည်း စောင်းလာပြီ ဆိုတော့