"hyung...hyung...လည်းမင်းကိုအရမ်းချစ်တယ်သိလား?yeolကိုhyung အရမ်းချစ်တယ်"ထိုစကားလေးရဲ့အဆုံးမှာတော့ Kris , yeol ရဲ့ နှုတ်ခမ်းလေးကို ရမ္မက်မပါတဲ့ အချစ်တို့နဲ့သာပြည့်နက်နေသည့် အနမ်းလေးတစ်ပွင့် ခြွေချလိုက်လေသည်။
You Are Mine 'ep-10'
KrisyeolYeol , kris ရဲ့အနမ်းကို မထင်မှတ်ထားတာကြောင့် လန့်သွားကာ ကောက်ထလိုက်တော့ kris နဖူးနဲ့ သူ့နဖူးချင်းဝင်တိုက်မိလေသည်။
"Ouch!!!!yeol...ဘာဖြစ်လို့လဲ?"
ကျွန်တော် နဖူးကိုလက်နဲ့ပွတ်ရင်း yeol ကိုကြည့်လိုက်တော့ ကျွန်တော့်ကို မျက်လုံးလေးပြူးကာကြည့်နေလေရဲ့.........
"hy-hyung...ဘာပြောလိုက်တာ??"
yeol က သူ့နားသူမယုံသလို လက်ညိုးလေးနဲ့ နားထဲသို့ ကလော် နေတာကိုမြင်တော့ ကျွန်တော်ရယ်ချင်သွားမိသည်။
"yeol ကို hyung လည်း အရမ်းချစ်တယ်လို့ပြောတာလေ။yeol ကို ပထမဆုံး yeol နဲ့စဝင်တိုက်မိကတည်းကချစ်မိသွားတာ။ဒါပေမယ့် hyung တို့ရဲ့ werewolf တွေမှာ pack ဆိုပြီးအုပ်စုရှိတယ်။အဲ့ဒီ့မှာ hyung ကခေါင်းဆောင်ဖြစ်တော့မှာ။ခေါင်းဆောင်ဆိုတဲ့အတိုင်း အဖွဲ့သားတွေရဲ့ အထင်ကြီးလေးစားမှု ကို ရရမှာက အဓိကလေ။ပြီးတော့ တစ်ဖက်ကလည်း hyung ချစ်နေမိတာက Park Chanyeol ဆိုတဲ့ ယောကျာ်းလေးလေ။အဲ့ဒီ့တော့ hyung အထင်အမြင်သေးခံရမှာဆိုးတဲ့အတွက် yeol ကို မုန်းဟန်ဆောင်ခဲ့တယ်။ရက်စက်ခဲ့မိတယ်။အဲ့ဒီ့အတွက် yeol ကို hyung တောင်းပန်ပါတယ်။ဒါပေမယ့် အခုတော့ yeol ကို hyung မချစ်ပဲမနေနိုင်တော့ဘူး။မထိန်းချုပ်ထားနိုင်တော့ဘူး။အဖွဲ့သားတွေ အထင်အမြင်သေးလည်း ကိစ္စမရှိဘူး။သူတို့မကြိုက်ဘူးဆို hyung အဖွဲ့ထဲကထွက်လိုက်တော့မယ်။ပြီးရင် yeol ကို လက်ထပ်ပြီး သေလည်းတူတူ ရှင်လည်းတူတူ အမြဲတမ်းတူတူနေမယ်။ကလေးတွေလည်း တစ်ပြုံကြီး မွေးစားပြီး ပြုစုပျိုးထောင် ပေးမယ်။yeol နဲ့ ကလေးတွေကို လာထိခိုက်တဲ့သူမှန်သမျှ hyung သတ်ပစ်မယ်။yeol တို့ ဘာဆိုဘာမှ လိုလေသေး မရှိအောင် hyung ထားမယ်။ကာကွယ်မယ်။ကလေးတွေကြီးလာပြီး အိမ်ထောင်တွေကျ ကလေးတွေမွေးလာရင်လည်း သူတို့ကလေးတွေကို hyung တို့နှစ်ယောက်က စောင့်ရှောက်-"
YOU ARE READING
You Are Mine
Werewolf"ကျွန်တော်အရမ်းကြောက်တယ်။ အများကဝိုင်းပြောကြမှာရယ် , pack က နှင်ထုတ်ခံရမှာတို့ ကျွန်တော် အရမ်းကြောက်ခဲ့တယ်။ ဒါကြောင့် ကျွန်တော် သူ့ကို ကျွန်တော့်ကို မုန်းသွားအောင် မျိုးစုံနှိပ်စက်ခဲ့တယ်...နောက်ဆုံးတော့ သူနာကျင်တာထက် ကျွန်တော် က သူ့နှစ်ဆ ပို နာကျင်ခ...