Fan's Heart(one shot)

195 29 3
                                    

အော်...အချစ်ဆိုတာတော်တော်ဆန်းကျယ်တဲ့အရာဆိုတာကို ကျမလေ သူနဲ့တွေ့မှပဲသိတော့တယ်။အရင်က ကျမမှာ crushမရှိတာမဟုတ်ပါဘူး။ရှိခဲ့ဘူးပါတယ်။ရှိတာမှ အများကြီးပဲမရေမတွက်နိုင်အောင်ပေါ့။သူများရည်းစားထားတာတွေ ဘာတွေကိုကြည့်ပြီး လိုချင်တာမှထွန့်ထွန့်လူးပဲလေ။ဒါပေမယ့် အရာအားလုံးလွန်ခဲ့တဲ့ ၄နှစ်ကျော်လောက်ကစပြီးပြောင်းလဲသွားခဲ့တယ်။သူ့ကိုမြင်ပြီထဲကပေါ့။

သူဆိုတာက ခုလက်ရှိEXOအဖွဲ့က Park Chanyeolပဲပေါ့။စတွေ့တုန်းက ဘယ်သူမှန်းမသိခဲ့ရဘူး။SNSDအဖွဲ့ရဲ့Genieသီချင်းမှာပေါ့။မီးခွက်လေးပွတ်ပြီး မသိမသာလေးပြုံးသွားတဲ့မျက်နှာလေးကိုအရမ်းချစ်မိသွားခဲ့တာ။ကိုယ့်ကိုယ်ကိုတောင်မသိလိုက်ဘူး။အဲ့ဒိအချိန်တုန်းက ၁၄နှစ်ပဲရှိသေးတော့ ချစ်မိသွားမှန်းမသိဘူး။crushအသစ်ထပ်တိုးပြီလို့ပဲထင်ခဲ့တာ။ဒါပေမယ့် အဲ့ဒိသီချင်းကိုပဲခဏခဏ ဖွင့်နားထောင်ပြီး သူ့မျက်နှာကိုပဲ pauseလုပ်ပြီးပဲကြည့်နေမိတယ်။

ခုဆိုရင်သူ့ကို ကျမလေ ဘယ်သူမှမသိအောင်ခေါ်တဲ့တာနာမည်လေးတောင်ရှိနေပြီလေ'ကို'ဆိုပြီးခေါ်လိုက်တိုင်းထိန်းချုပ်လို့မရအောင် ရင်ခုန်ခဲ့ရတယ်။ကျမသူငယ်ချင်းထဲမှာ anti EXOတွေရှိပါတယ်။ကျမဒီလိုခေါ်တာသိရင် ဝိုင်းဟားကျမှာ။ကျမအပြောခံရမှာလုံးဝမကြောက်ပါဘူး။ ကို့ကိုပြောမှာပဲကြောက်တာပါ။ကိုကလေ အရမ်းတော်တယ်။တော်တာကတော့ကိုတင်မကပါဘူး။ကို့ရဲ့EXOတဖွဲ့လုံးတော်တာပါ။ကို Guiterတီးရင်ပဲဖြစ်ဖြစ် DJတီးရင်ဖြစ်ဖြစ် Drumတီးရင်ဖြစ်ဖြစ် ကျမလေ အရမ်းးးသဘောကျတာပဲ။showပွဲမှာကိုချွေးတွေထွက်နေရင် လိုက်သုတ်ပေးချင်မိတယ်။ကို့ကိုအရမ်းချစ်တယ်။

ကျမဘဝမှာတခါမှချစ်သူရည်းစားမထားဘူးပါဘူး။ကျမရဲ့ပထမဦးဆုံးနဲ့နောက်ဆုံးချစ်သူကို ကိုပဲဖြစ်စေချင်တယ်။သဝန်တိုတာလားတော့မသိပေမယ့် ကို့ဘေးမှာခပ်ချောချောမိန်းကလေးမပြောနဲ့ ကိုသောက်တဲ့အအေးဘူး ကော်ဖီခွက်လေးတွေကအစမနာလိုဖြစ်မိနေတယ်။အဖွဲ့တွေရောပြီးလုပ်တဲ့showပွဲဆိုရင် ကို့အနားမိန်းကလေးတွေကပ်နေရင်လေ အသေသတ်ပစ်ချင်အောင်ကိုဖြစ်နေမိတယ်။တခါကသူငယ်ချင်းတစ်ယောက်က''နင်ကဘာဖြစ်နေတာလဲလဲ သူဘာလုပ်လုပ်နင်နဲ့ဘာဆိုင်လို့လဲ သူ့ဘာသူကြည့်ရုံမကလို့ဖက်နမ်းနမ်းပေါ့''တဲ့။ ဟင့်အင်း..ကိုအဲ့လိုမလုပ်ရပါဘူး။ကိုနဲ့ကဘာလို့ဘာမှမဆိုင်ရမှာလဲ။ကို့အတွက်ငါကဘာမှမဟုတ်ရင်တောင်မှ ငါ့အတွက်တော့ကိုက နှလုံးသားရဲ့ကျန်နေတဲ့တခြမ်းပဲ။ဘာလို့နားလည်မပေးနိုင်ကြရတာလဲ။ကျေးဇူးပြီငါ့ကိုဒီအတိုင်း ဟုတ်တယ်ဒီအတိုင်းလေးပဲထားပါ။ငါနင်တို့လိုရည်းစားရှုပ်ချင်စိတ်မရှိဘူး။ကို့တယောက်ထဲကို ရင်ထဲက နှလုံးသားထဲက ချစ်တာပါ။fanတိုင်းဒီလိုပါပဲ။

ကို့ကိုတခြားgirlတွေနဲ့shipရင်လေ ရင်ထုမနာဖြစ်ပြီး ရန်ဖြစ်ရတာအမောပဲ။ကိုကလေ ကောင်းကင်ပေါ်က ကြယ် arnyi galaxyထဲကနဂါးငွေ့တန်းလိုပါပဲ။fanတွေကတော့(အထူးသဖြင့်မြန်မာနိုင်ငံပေါ့) ကိုတို့ကိုမျှော်ကြည့်ခွင့်တောင်မရတဲ့ ပမွှားလေးတွေပါ။ International fanတွေလို Eye contactတွေ skin shipတွေမပြောနဲ့ တနေ့တနေ့Internetပေါ်က တခြားfanတွေupdateတာတွေပဲစောင့်နေရတယ်။

ဒါပေမယ့်ဘယ်တော့မှစိတ်ဓါတ်မကျခဲ့ဘူး။ကို့ဇာတ်ကားတွေကိုလဲ jellyအနင်ခံပြီးအားပေးခဲ့တယ်။ပြီးတော့ကို့ကိုအရမ်းချစ်လွန်းလို့ ကိုအထီးကျန်မှာစိုးလို့ fanတွေက kris oppaရယ် baek oppaရယ်နဲ့ shipပေးတယ်။ကျေနပ်တယ် တကယ်လို့သူတို့နဲ့သာဆိုရင်လုံးဝကိုသဘောတူတယ်။ကိုရယ် ကျေးဇူးပြုပြီးတော့ fanတွေကိုသနားသောအားဖြင့်လေ girlfriendတွေမထားလို့ရမလား။ကို့ရှေ့မှာ မတ်တပ်ရပ်ပြီး ကို့ကိုအရမ်းချစ်ကြောင်းတွေပြောချင်တယ်။

fanတိုင်းမှာကိုယ့်biasကိုကိုယ်ချစ်ပိုင်ခွင့်ရှိပါတယ်။မတူညီတဲ့ပုံစံမျိုးတွေနဲ့ပေါ့။ကို့rumorတွေတွေ့ရင်မျက်ရည်ပိုးပိုးပေါက်ပေါက်ကျတဲ့အထိကို ငိုရတယ်။ဒါပေမယ့် ဘာမှမပြောဘူး။ကို့ကိုပျော်စေချင်ပါတယ်။ကိုပျော်မယ်ဆိုရင် ရင်အကွဲခံရပါစေ။ကိုယ့်အပြုံးတွေမြင်ရမယ်ဆိုရင် သေသွားပါစေ စွန့်လွှတ်ပေးပါ့မယ်။ပေးစပ်ခြင်းတွေနဲ့ပဲ ဆက်ချစ်ခွင့်ပြုပေးပါ ကို...။

ကို့ကိုအရမ်းချစ်တဲ့ fan

Fan's HeartWhere stories live. Discover now