ငါအို​သောအခါ

495 6 0
                                    

မိဘတိုင်း၏ ရင်​တွင်းဆန္ဒ ဖတ်​​ပေးပါ
ဖတ်​ပြီးရင်​ သိတတ်​​ပေးပါ။. မိဘ​ကျေးဇူးကို မ​နာခင်​ ၊မအိုခင်​၊မ​သေခင်​ ​ကျေးဇူးဆပ်​ကြပါ။

ငါအိုသွား​သောအခါ
❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀ ❀

ငါအိုသွား​သောအခါ ငါဟာအရင်​ကလို ငါမဟုတ်​​တော့ဘူး၊ငါ့ကို နားလည်​​ပေးပါ၊စိတ်​ရှည်​ရှည်​ထား
ဆက်​ဆံ​ပေးပါ

ချည့်​နဲ့နဲ့လက်​​တွေနဲ့ ထမင်းဟင်း​တွေ အင်္ကျီ​ပေါ်ဖိတ်​စင်​သွားတဲ့အခါ၊အင်္ကျီ၊လုံချည်​​ ဖိုသီဖတ်​သီဖြစ်​​နေတဲ့အခါ
ငါ့ကို မရွံပါနဲ့၊ ငယ်​ငယ်​တုန်းက ငါသုတ်​​ပေးခဲ့တာ​တွေကို
ကျေးဇူးပြု၍ သတိရ​ပေးပါ

အပ်​​ကြောင်းထပ်​မက ​ပြောဖူးတဲ့စကား​တွေ ပြန်​​ပြောမိတဲ့အခါ စကားမဖြတ်​ပဲ ​ကျေးဇူးပြု၍ နား​ထောင်​​ပေးပါ။ငယ်​ငယ်​တုန်းက အိပ်​ရာဝင်​တိုင်း
တစ်​​ထောင့်​တစ်​ညပုံပြင်​တွေ၊ ငါးရာငါးဆယ်​ နိပါတ်​​တော်​​တွေ၊ ဇာတ်​ကြီးဆယ်​ဘွဲ့​တွေ စတဲ့ ပုံပြင်​​တွေကို
မရိုး​အောင်​​ပြောရင်း ငါ​ချော့သိပ်​ခဲ့တာ​တွေကို သတိရ​ပေးပါ

မလှုပ်​ရှားနိုင်​လို့ ​ရေချိုးဖို့ အကူအညီလိုတဲ့အခါ
ငါ့ကို မငြိုငြင်​ပါနဲ့၊ ငယ်​ငယ်​တုန်းက ​ချော့တစ်​လှည့်
ခြောက်​တစ်​လှည့်​ ​ရေချိုး​ပေးခဲ့ဖူးတဲ့ ပုံရပ်​​လေးကို
မြင်​​ယောင်​​ပေးပါ။

ခေတ်​သစ်​နည်းပညာ​တွေကို မသိနားမလည်​ခဲ့ရင်​ မ​လှောင်​ပါနဲ့ ။ငယ်​ငယ်​တုန်းက .."ဘာ​ကြောင့်​ဆိုတဲ့"
မေးခွန်းတိုင်းကို စိတ်​ရှည်​စွာ ငါပြန်​​ဖြေခဲ့တာ​တွေကို
သတိရ​ပေးပါ

စိတ်​သွားတိုင်း ကိုယ်​မပါ နွမ်းလျပြီး လမ်းမ​လျှောက်​နိုင်​တဲ့အခါ ခွန်​အားပါတဲ့ လက်​တစ်​စုံနဲ့ ငါ့ကို ကူတွဲ​ပေးကြပါ။
လမ်း​လျှောက်​သင်​စ အရွယ်​တုန်းက တစ်​လှမ်းခြင်း
လမ်း​​လျှောက့် လေ့ကျင့်​ပေးခဲ့တာ​တွေကို သတိရ​ပေးပါ။

တစ်ေ​န့ထက်တစ်ေ​​န့​ အိုစာသွားတဲ့ ငါ့ကိုကြည့်​ပြီး
ဝမ်းမနည်းပါနှင့်​။နားလည်​​ပေးပါ။အား​ပေးပါ။
အရင်​တုန်းက လူ့ဘဝတတ်​လမ်းအတွက်​ ငါလမ်းညွှန်​ခဲ့သလို အခုအချိန်​မှာ ငါ့ဘဝ​နောက်​ဆုံးချိန်​အတွက်
အ​ဖော်​ပြု​ပေးပါ။

ချစ်​ခြင်း​မေတ္တာနဲ့ ​အေးမြမှု​တွေကို ငါပြုံးပြုံး​လေး လက်​ခံမှာပါ၊ အဲ့ဒီအပြုံး​တွေထဲမှာ မဆုံးတဲ့ ငါ​မေတ္တာ​တွေ
တွေ့ရမှာပါ။

""သားတို့ သမီးတို့​ရေ""....
ထာဝရ​ပျော်​ရွှင်​ ချမ်း​မြေ့ကြပါ​စေကွယ်​.....။

Share​ပေးခြင်းဖြင့်​ လူတိုင်းလူတိုင်း သတိပြုမိ​ကြပါ​စေ

မိဘ​ကျေးဇူးWhere stories live. Discover now