Part-1

183 18 2
                                    

လျှို့ဝှက်သိပ်သည်းသူတစ်ယောက်အဖြစ်
သူမကိုစိတ်ဝင်စားခဲ့ခြင်းဖြစ်သည်
သို့သော်သူမသည်လက်တွေ့တွင်အလွန်
ပွင့်လင်းသူတစ်ယောက်ဖြစ်သည်
ကျွန်တော်သည်တရုတ်စကားပြောသင်
ဆရာတစ်ယောက်ဖြစ်ပြီးမနက်တိုင်းဟန်မြစ်
ကမ်းကိုဖြတ်၍သင်တန်းရှိရာသို့လာလေ့ရှိသည်
ကျွန်တော်ဟန်မြစ်နားရောက်တိုင်းဟန်
မြစ်၏လတ်ဆတ်သောလေကိုကားလေးရပ်
ပြီးရှုရှိုက်လေ့ရှိသည်
နောက်ပိုင်းဟန်မြစ်ဘေးတွင်နေ့တိုင်းလာ
ထိုင်နေသောကောင်မလေးတစ်ယောက်ကို
သတိပြုမိခဲ့သည်
အဖြူနဲ့အနက်ကိုသာဝတ်ဆင်လေ့ရှိသော
သူမ၏အလှသည်တစ်ခါတစ်ရံတောက်ပ
ပေါ်လွင်နေသလိုတစ်ခါတစ်ရံမှိုင်းညို့ရီဝေနေ
တတ်သည်သမင်မျက်ဝန်းလေးများကို
ပိုင်ဆိုင်သည့်သူမ၏အလှသည်အချစ်ဆို
တာကိုမခံစားဖူးသေးသည့်ကျွန်တော့်နှလုံးသား
တစ်ခုလုံးပြောင်းဆန်အောင်လှုပ်ခါနိုင်ခဲ့သည်
နှင်းပိုသည်းသောဆောင်းဦး၏နံနက်တွင်
ကျွန်တော့်ရင်ခုန်သံထွက်ပေါက်ဖွင့်ပေးခဲ့သည်
နှင်းငွေ့များ၏စိုစွတ်မှုကြောင့်အေးစက်နေသော
ခုံတန်းလေးပေါ်တွင်အဝေးကိုငေးမောရင်း
ထိုင်နေသည့်သူမကိုတွေ့ရသည်
Xing>> ကျွန်တော်ထိုင်ခွင့်ရှိမလား
Lu>> naeထိုင်ခွင့်ရှိပါတယ်ဒီခုံတန်းလေးက
ကျွန်မပိုင်တာမှမဟုတ်တာပဲ
Xing>> gomawow ကိုယ့်နာမည်Yi Xing ပါ
ကိုယ်မင်းကိုတွေ့ဖူးတာကြာပြီ
ဒီနေရာကိုမင်းထက်ကာလများစွာ
စောပြီးကိုယ်ဖြတ်သွားနေကျလေ
အသိအမှတ်ပြုခေါင်းညိတ်ခြင်းနှင့်အတူ
Lu>> ကျွန်မနာမည်Luhanပါ
ရှင်ခုနပြောလိုက်တဲ့ကာလများစွာဆိုတာ
ဘယ်လောက်ကြာကြာကိုပြောတာလဲ
သူမ၏လေသံသည်တရားသူကြီး၏မေးသံနှင့်
တူလှသည်
Xing>>တစ်နှစ်ခွဲလောက်ရှိပြီ ဒီနေရာကို
ကိုယ်နေ့တိုင်းဖြတ်သွားနေကျလေ
Lu>> တစ်နှစ်ခွဲဟုတ်လားးး
သူမခြောက်ကပ်ကပ်ရယ်ပြီးကျွန်တော့်ကို
စေ့စေ့ကြည့်နေသည်
သူမလှောင်ထေ့သောအကြည့်ကိုခံပြင်းဖို့ထက်
မွတ်သိပ်ပျော်ဝင်နေမိသည်
Lu>>ကျွန်မဒီနေရာကိုရှင့်ထက်ငါးနှစ်စောပြီး
ထိုင်နေကျဆိုရင်ကော??? ကျန်းမာရေး
ကြောင့်တစ်နှစ်ကျော်လောက်အဆတ်ပြတ်
သွားတာတစ်ခုပဲရှိတယ်
ကျွန်တော်အဖြေရခက်စွာနှုတ်ခမ်းကိုလျှာဖြင့်
သပ်လိုက်ပြီးတပည့်များ၏ခက်ခဲသောမေးခွန်း
များထက်သူမမေးခွန်းသည်အဖြေခက်အနေ
ကျပ်စေသည်နှုတ်ခမ်းတို့ဘာပြန်ပြောရမှန်း
မသိအောင်ဆွံ့အနေမိစဉ်
Lu>>ကျွန်မဒီနေရာလေးမှာလွန်ခဲ့တဲ့ငါးနှစ်
လုံးတစ်ရက်မှမပျက်ဘဲချစ်သူနဲ့လာထိုင်
ဖူးတယ်ကျောင်းတုန်းကပေါ့
မမေးဘဲဖြေလိုက်သည့်သူမလေသံသည်
ကျွန်တော့်နားထဲတွံင်ကျယ်လောင်စွာခေတ္တ
မြည်ဟည်းသွားသည်
Xing>>မင်းမှာချစ်သူရှိတယ်ပေါ့
စိုးထိတ်သောမေးခွန်း၏အဆုံးတွင်
Lu>>ရှိခဲ့ဖူးတယ် ဒါပေမယ့်ခုမရှိတော့ဘူး
သူမအသံသည်တိုးတိမ်သွားသလိုထင်ရသော်
လည်းပြတ်တောင်းမာကျောနေသည်
Lu>> ကဲ ရှင့်ဆန္ဒတေပြည့်သွားပြီမလား
ဒီအတွက်လာထိုင်တဲ့ရှင့်အတွက်
ဒီနေ့တော့ဒီလောက်ပဲကျွန်မစကား
ပြောပါရစေ
ကျွန်တော်ထင်ထားသလိုသူမသည်အားငယ်
တတ်သောလျှို့ဝှက်သိပ်သည်းတတ်သူမဟုတ်
ကျွန်တော့်ရင်ထဲကိုထိုးဖောက်ဝင်ရောက်မြင်
ယောင်နိုင်စွမ်းရှိသူပင်။
ကျွန်တော်ကျေနပ်စွာထရပ်လိုက်ပြီး
Xing>>နောက်နေ့လည်းကိုယ်စောစောလာခဲံ့မယ်
သူမဘက်မှဘာမှမတုန့်ပြန်
ကျွန်တော်သည်ချစ်သူရှိခဲ့ဖူးသည့်မိန်းကလေး
တစ်ယောက်ကိုချစ်မိသော်လည်းစိတ်အနှောက်
အယှက်ကင်းစွာပေါ့ပါးနေမိသည်
____________________________________
TBC
အားပေးကြပါဦးနော်CHINGUUတို့
မကောင်းမကန်းFICလေးကို
WE ARE ONE FOREVER

Lu Chennie Soo Exo-l

ဆုံရပ်မဲ့.........ဆုံခွင့်Where stories live. Discover now