နံနက်ခင်း၏ ဖြူစင်တောကိပသော အလင်းတန်းလေးသည် အရှေ့အရပ်နေမင်းကြီးဆီမှ အခန်းတွင်းရှိကာရံထားသော လိုက်ကာစလေးများအား ဖြတ်ကျော်ကာ အိပ်မောကျနေသော ကျွန်တေိာ့ကို လှုပ်နှိုးစေခဲ့သည်---
မှိတ်ထားသော မျက်ခွံလေးများအား လှန်တင်လိုက်ချိနိ၌ အဖြူရောင်အလင်းတန်းလေးအား ဦးစွာမြင်ရပြီး ထိုမှ---ကျွန်နေ့်ရင်ခွင်ထက် မှေးစက်နေသေးသော သူမကို တွေ့လိုက်ရသောအခါ----
နှစ်ပေါင်း ၂၀ ကျော် သူမမရှိပဲ မနက်ခင်းတိုင်းကို နိုးထနေကြပေမယိ့ ဒီနေ့ သူမ ကျွန်နော့်ရင်ခွင်လေးထဲ မှေးစက်နေသော သူမအား မြင်လိုက်ရသည့် နံနက်ခင်းလေးက ဘာလို့ ဒီလောက်တောငိ လှပနေသယောင် ကျွန်တော့် ရင်ခွင်ထဲ ပီတိဖြာသွားမိပါလိမ့်---??
စေ့ထားဆဲ ကျွန်တော့် နှုတိခမ်းနှစ်လွှာတို့က သူမကို မြင်သောအခါ စေခိုင်းစရာမလိုပဲ ဘေးဘက်သို့ အနည်းငယ်ကား၍ ပြုံးလိုက်ကြသည်---
ရှားရောင်ဆံကေသာလေးတွေ ကျို့တို့ကျဲတဲ ဖြာကျနေသော သူမ နှဖူးပြင်လေးကို ကျွန်တော် morning kiss အနေနှင့်----
ချထားသော လိုက်ကာစကို ဖယ်လျှပ်ပြီး အပြင်လောကကြီးရဲ့ ရှုခင်းကို ကျွန်တော် ရှုစားလိုက်သောအခါ----
ပြာလဲ့လဲ့ကောင်းကင်ကြီးနှင့် အပြာရောင် ကမ်းခြေ---ကြီးကို ငွေနှင်းမှုန်လေးများ ပြန့်ကျဲနေသည့်ကြားမှ ဝိုးတဝါး မြင်တွေ့လိုက်ရသည်----
ပင်လယ်ဆိုတာ ကောင်းကင်ရဲ့ ဒုတိယမျကိနှာလို့ ပြောကြတဲ့အတိုင်း---
မနက်စောစော အချိန် ဆောင်းဦးရာသီလေးမို့ ကောင်းကင်ကြီးက သူ့ရဲ့ကိုဟ်ပိုင် အပြာရောင်ကို အနည်းငယ်ကိုယ်ဖျောက်နေသလို----
အဖြူရောငိ မြူနှင်းငွေ့လေးများက ဖုံးလွှမ်းနေသေးတယ်ဆိုတော့-----
ဒုတိယမျက်နှာပြင် ဖြစ်တဲ့ ပင်လယ်ကြီးကလည်း ပြာသငိ့သလာက်တော့ မပြာနိုင်သေးပါဘူး----
ကျွန်တော် ကဗျာဆရာတစ်ယောက် မဟုတိပါဘူး---
စိတိကူးတော့ မယဉ်တတိတာ မဟုတ်ပါ---
![](https://img.wattpad.com/cover/48842018-288-k359908.jpg)
VOCÊ ESTÁ LENDO
XINGDRELLA
Romanceလောကမှာ ငွေရှိတိုင်း အရာအားလုံးကို ဖြစ်နိုင်တယိလို့ သင်ထင်မြင်ယူဆပါသလား??may.be--??