Impossible

67 5 0
                                    

Intro

မီးရေင် ဖျော့ဖျော့ကြားမှာလူအများစုဝေးကာ ကခုန်နေကြသည် မြူးကြွတဲ့သံစဉ်ကြောင့် ပို၍စိတ်ကိုထကြွစေသည်

မျက်ဝန်းတစုံ

သူမကိုတောက်လျောက်ကြည့်နေတာကိုသတိထားမိနေသည်
သူမစိတ်လွတ်လက်လွတ်မကနိုင်တော့ပါ ထို ညှို့မျက်ဝန်းပိုင်ရှင်ကြောင့်ပေါ့

သူမ ညှို့မျက်ဝန်းပိုင်ရှင်ရှိနေတဲ့နေရာကိုကနေတဲ့သူတေကြားထဲကအတင်းတိုးထွက်လာခဲ့သည်

ညှို့မျက်ဝန်းပိုင်ရှင် က bar မှာ smart ကျကျ ထိုင်ကာ သူမ လှမ်းလာတာကို 1sec အလွတ်မပေးလိုက်ကြည့်နေလေသည်

ညှို့မျက်ဝန်းပိုင်ရှင် ဘေးတွင်ဝင်ထိုင်လိုက်သောသူမ

Girl-- ဘာလို့ကျွန်မကိုဒီလောက်လိုက်ကြည့်နေရတာလဲ ကျွန်မချောလို့လား

ညှို့မျက်ဝန်းပိုင်ရှင်လေးကတော့ ဘာမှမပြော သူမကို နူးညံ့ရီဝေသောအကြည့်များနဲ့ကြည့်နေလေသည်

Girl-- ဟုတ်ပါတယ် ဒီကလူတေတိုင်းကကျွန်မဆိုရင် ချဉ်းကပ်ဖို့ကြိုးစားနေကြတဲ့သူတေချည်းပဲလေ ဒီညတော့ရှင်ပေါ့ ကျွန်မက တော်ရုံလူဆိုရင် မစဉ်းစားတတ်ဘူးသိလား ရှင်ကတော့ ကျွန်မကို စိတ်ခံစားချက်တမျိုးလေးပေးတယ် ဒါကြောင့်

ဟုဆိုကာ သူမ ညှို့မျက်ဝန်းပိုင်ရှင်လေးကို bar မှဆွဲခေါ်သွားကာ အမှောင်ထဲတနေရာကို ခေါ်သွားလေရဲ့

သူမရဲ့လက်တေက ညှို့မျက်ဝန်းပိုင်ရှင်ရဲ့ လည်တိုင်ကိုရစ်သိုင်းကာဖက်ထားလေသည်

နှုတ်ခမ်းလွှာနှစ်ခုကိုထိမည်အပြု

သူမလည်တိုင်တွင် ညှို့မျက်ဝန်းပိုင်ရှင်လေးရဲ့ နှုတ်ခမ်းပါးလေး ကျရောက်လာသည်
သူမ ထပ်ပြီးနှုတ်ခမ်းနှစ်လွှာကို ထပ်တူကျရန်ကြိုးစားသည်

လက်မခံ သူမလည်တိုင်လေးကိုသာတရှိုက်မက်မက် နမ်းရှိုက်နေလေသည်
ကျွမ်းကျင်လှတဲ့ အထိအတွေ့ကြောင့် ထိုညှို့မျက်ဝန်းပိုင်ရှင်လေးရဲ့အနမ်းတွေမှာ ရစ်မူးနေလေတော့သည်

------------------------------------------------

ဘယ်သူမဆို ကျွန်တော်ရဲ့ ကျော့ကွင်းထဲမှ ကျဆုံးသွားတာချည်းပါပဲ

ကျွန်တော့်ရဲ့ မျက်ဝန်းတစုံနဲ့ လိုရာကိုသိမ်းပိုက်နိုင်ခဲ့တယ်လေ

သူတို့လိုမိန်းကလေးတွေက ကျွန်တော့ရဲ့ လှပတဲ့သားကောင်လေးတေပေါ့

ကျွန်တော့်ရဲ့အကြည့် ကျွန်တော့်ရဲ့ အထိအတွေ့မှာ သူတို့သာယာကြတာချည်းလေ

ကျွန်တော့်အတွက်အပန်းမကြီးပါဘူး

ကျွန်တော်သူတို့လိုချင်တပ်မက်တဲ့ သာယာမှုတွေကိုကျွန်လိုက်လျောပေးခဲ့တယ်လေ

တခုပဲ

ဒီသာယာမှုအတွက်တော့ သူတို့ပြန်ပေးဆပ်ကြရမယ်

""အားးးး!!!!!!!"""

ညှို့မျက်ဝန်းပိုင်ရှင်လေး အမှောင်ထဲကပြန်ထွက်လာသည်နှင့်အလျောက် ထိုအမှောင်ထဲ၌တွင်ပင် လည်တိုင်တွင် သွေးများစွန်းထင်ကာ ကိုက်ရာတခုနှင့်လဲကျကျန်နေခဲ့သော ကောင်မလေးတျောက်
-----

ဒါဟာသူတို့ရဲ့သာယာမှုအတွက်ကျွန်တော့်ကို ပြန်ပေးဆပ်ရတာပဲလေ

ကျွန်တော် vampire တစ်ကောင်ပါ
Devil smile

ImpossibleWhere stories live. Discover now