No One Can Replace YOU
Teaser✌ရွှေရောင်ကဲ့သို့သောနေရောင်ခြည်လက်တံများက မည်းမှောင်နေသောပတ်ဝန်းကျင်ကိုစတင်ခြေချလာခဲ့ချေပြီ။ညကာလမှာမှိတ်တုတ်မှိတ်တုတ်လင်းနေသော ကြယ်များကလည်း အလင်းဓာတ်များလျော့ကျလျက်ပါ။ အနိစ္စတရားကိုနားလည်သောလမင်းကြီးကလည်း ခပ်ရေးရေးလေးသာ သာလျက်ရှိသောထိုအချိန်ကား နေထွက်ချိန်ပင်တည်း။
ကျွန်တော်ကတော့ ခေါင်းစွပ်အနီရောင်၊ဂျာကင်အဖြူရောင်လေးကိုဝတ်ဆင်ကာနေရောင်ခြည်လေး၏ ကျီစယ်မှုအောက်တွင် လမ်းလျောက်လျက်ရှိသည်။
အလုပ်ကိစ္စကြောင့်Incheon၏အရှေ့ဘက်မှာရှိသောSeoulဆိုသည့်koreanနိုင်ငံ၏မြို့တော်ကြီးကိုခြေချခဲ့ခြင်းဖြစ်သည်။ကျွန်တော်ကအရာရှိကြီးဖြစ်သည့်သူ့အကြောင်းတွေကို စုံစမ်းရမည်ဟုအထက်လူကြီးကဆိုထားသည့်အတွက် သူ့အိမ်မှာနေရသည်။
မနေ့ညကကျွန်တော်သူ့အိမ်ကိုရောက်တော့သူ့အိမ်မှာ အလုပ်လုပ်သည့်အိမ်ဖော်ကောင်မလေးတစ်ယောက်က တံခါးလာဖွင့်ပေးသည်။သူကတော့မရှိဘူးဟုဆိုသည်။ကြီးမားလှသော အိမ်ကြီးရဲ့ထောင့်ကျကျအခန်းမှာကျွန်တော်နေရသည်။
ဒီနေ့မနက်ကတော့စောစောနှိုးနေသည်နှင့်လမ်းလျောက်ထွက်ခဲ့သည်။
*****
အရာရှိကြီးဆိုသူ၏ရုပ်ခန္ဓာကား မိန်းကလေးတိုင်းသဘောကျရသည်ဟုဆိုသော်လည်း ခက်ထန်သည် ပြုံးခဲသည် သူ့တွင်ထူးဆန်သောအမူအရာများရှိသည်။သူ့အကြောင်းကိုမည်သူမျှမသိချေ ဖော်ကောင်လုပ်နိုင်လျှင်တော့ ဆုလာဘ်များရလိမ့်မည်။ထိုသူကားနာမည်ကြီးလှပေမဲ့လို့သူ၏ခက်ထန်သည့်သွင်ပြင်ကား အဘယ်သို့သောအကြောင်းကြောင့် သူ၏မျက်နှာပေါ်တွင်နေရာယူနေသနည်းကိုတော့ မည်သူမျှမသိကြပါ။
စကားအလွန်နည်းကာ တိတ်ဆိတ်မှုကိုမြတ်နိုးသည်။ ထို့ကြောင့်ပင် မာနခေါင်ခိုက်နေသည်ဟုအားလုံးက ဆိုသည်။သူ့အကြောင်းကို ဖော်ထုတ်ရန်အနီးကပ်ဆုံးနေရာ တစ်နေရာကို သူဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။
စုံထောက်လောကတစ်ခွင်မှာသူ့လောက်လွဲသည့်သူမရှိနိုင်ပေ။သူ့လောက်ဂရုစိုက်ချင်သည့်သူမရှိသလို လုပ်သမျှအလုပ်တိုင်းလည်း လွဲနေသည့်သူဆိုသည်မှာ သူတစ်ယောက်တည်းပင်။
ထိုနည်းတူ တိကျမှကြိုက်သောသူ...သူ့ဘက်သူသာ ကြည့်သောသူ ကိုယ့်အလုပ်ကိုသာလုပ်သောသူ...
သူနှင့်သူ၏ ကွဲပြားလှသောအသွင်အပြင် အမူအရာတွေကြားမှာ တစ်ထပ်တည်းတူညီသော အချစ်တစ်ခုပေါက်ဖွားခဲ့သည်ဟု ဆိုလျှင်ရော..
~●Teaser end●~
A/N:yo~yo သူနှင့်သူကဘူဖြစ်မလဲ HHပေါ့ဗျာxP
အရေးအသားလေးစုတ်ချာနေလား??ဖတ်ရတာ ပျင်းဖို့ကောင်းလား??အားမနာစတန်းဝေဖန်ပါ စိတ်မဆိုးတတ်ပါပူး စိတ်ပဲကောက်တတ်တာပါ {စတာဖာ စတာဖာ}
ဝေဖန်ကျိပါ Authorကိုယ်တိုင်တောင်းဆိုတာဖာxP
Gomasimatha_Saranghaeyo_90°bow
YOU ARE READING
No One Can Replace YOU
Fanfictionစုံထောက်လောကတစ်ခွင်မှာသူ့လောက်လွဲသည့်သူမရှိနိုင်ပေ။သူ့လောက်ဂရုစိုက်ချင်သည့်သူမရှိသလို လုပ်သမျှအလုပ်တိုင်းလည်း လွဲနေသည့်သူဆိုသည်မှာ သူတစ်ယောက်တည်းပင်။ ထိုနည်းတူ တိကျမှကြိုက်သောသူ...သူ့ဘက်သူသာ ကြည့်သောသူ ကိုယ့်အလုပ်ကိုသာလုပ်သောသူ... သူနှင့်သူ၏ ကွဲပြား...