သီတင်းကျွတ်​ လပြည့်​အ​ကြောင်း

656 7 0
                                    


"ကြည်နူးဖွယ်ရာ အဘိဓမ္မာအခါ"
•••••••••••••••••••••••••••••••••••••
"သီတင်းကျွတ်လပြည့်နေ့" ကို ထေရဝါဒဗုဒ္ဓဘာသာ
နိုင်ငံများက"အဘိဓမ္မာအခါတော်နေ့" ဟူ၍ အတည်ပြုကာ
သတ်မှတ်ကြပါသည်။သတ်မှတ်ရခြင်း၏ အကြောင်းရင်းမှာ-
မြတ်စွာဘုရားသည်ဘုရားဖြစ်ပြီး (၇)ဝါမြောက်တွင်
တာဝတိံသာနတ်ပြည်သို့ ကြွသွားပြီး အဘိဓမ္မာ
ဒေသနာတော် ကို ဟောကြားတော်မူပါသည်။
သီတင်းကျွတ်လပြည့်နေ့မှာ ဟောကြား၍ ပြီးဆုံးသွားသဖြင့်
လူ့ပြည်သင်္ကဿမြို့တံခါးသို့ ပြန်ကြွတော်မူလာသောနေ့
ဖြစ်သောကြောင့် သီတင်းကျွတ်လပြည့်နေ့ကို
"အဘိဓမ္မာအခါတော်နေ့" ဟူ၍ အတည်ပြုကာ
သတ်မှတ်ကြခြင်း ဖြစ်ပေသည်။

တာဝတိံသာနတ်ပြည်မှ လူ့ပြည်သို့ ပြန်ကြွလာသောအခါ
နတ်ဗြဟ္မာများက မြတ်စွာဘုရားကို ထီးဖြူများဆောင်းမိုးခြင်း၊
ယပ်လေများခပ်ပေးခြင်း၊စသည်တို့ဖြင့် ကြည်နူးဖွယ်ရာ
သိုက်မြိုက်စွာခြံရံလျက် လူ့ပြည်သို့ လိုက်ပို့ကြပေသည်။
မြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့်လူတွေကလည်း
အလွန်ကြည်နူးဖွယ်ကောင်းသည့် နတ်ပြည်၊ဗြဟ္မာပြည်
တို့၌ရှိနေသော ဘုံဗိမာန် နှင့် နတ်ဗြဟ္မာများကို
တွေ့မြင်ကြရပေသည်။နတ်ဗြဟ္မာတွေကလည်း
သောင်းသောင်းဖြဖြ ကြိုဆိုနေကြသော သိန်းသန်းကုဋေမက
များပြားလှသည့်လူတွေကို တွေ့မြင်ကြရပေသည်။
မကြုံစဖူး မမြင်ဖူးသော ကြည်နူးဖွယ်ရာ မြင်ကွင်းများကို
တွေ့မြင်ကြရသောကြောင့် ကြည်နူးလို့ မဝနိုင်အောင်
ဖြစ်ကြရပေသည်။

ဗုဒ္ဓဘာသာဝင်တို့သည် သီတင်းကျွတ်လပြည့်
အဘိဓမ္မာအခါတော်နေ့သို့ ရောက်လာသောအခါတိုင်း
အဘိဓမ္မာဒေသနာများကို ရွတ်ဖတ်သရဇ္ဈယ်ကြပေသည်။
သက်တော်ထင်ရှား မြတ်စွာဘုရားကို ရည်မှန်းကာ
ဆီမီး၊ရေချမ်း၊ပန်းနံ့သာ၊စားသောက်ဖွယ်ရာအဖြာဖြာတို့ဖြင့်
ပူဇော်ကြပေသည်။အဘိဓမ္မာဒေသနာတော်
ဖြစ်ပေါ်လာရခြင်း၏ အကြောင်း အတ္ထုပ္ပတ္တိများကိုလည်း
ဟောပြောကြပေသည်။အဘိဓမ္မာ၏ အဓိပ္ပါယ်မှာ
သိမှတ်ဖွယ်ရာ ကောင်းလှပါပေသည်။

"အဘိဓမ္မာ" ၌ "အဘိ"-ကတစ်ပုဒ်၊
"ဓမ္မ"-ကတစ်ပုဒ်ဖြစ်ပေသည်။
❖အဘိ-က ထူးကဲလွန်မြတ်သော၊
❖ဓမ္မ-က တရားတော်။
အဘိဓမ္မာ- ထူးကဲလွန်မြတ်သော တရားတော်။
သုတ္တန်တရားများထက် ထူးကဲလွန်မြတ်သော
တရားတော် ဟုအဓိပ္ပါယ်ရပါသည်။

သီတင်းကျှတ်​လပြည့်​Where stories live. Discover now