[UNICODE VERSION]
လုပ်ငန်းရှင်တွေ ဝန်ထမ်းတွေနဲ့စုံညီနေတဲ့ပါတီတစ်ခု...
ဒီနေ့က Mr. Kim နဲ့ Mr. Kangတို့ရဲ့ projectကချောချောမွေ့မွေ့ဆောင်ရွက်သွားနိုင်တဲ့အတွက်နှုတ်ဆက်ပွဲparty ဖြစ်သည်။
//Mr.Kimရဲ့အဖွဲ့ကအရမ်းကျွမ်းကျင်တယ်...အဲ့ဒါကြောင့် ကျွန်တော်တို့ရဲ့Projectကိုသူတို့လိုထူးချွန်တဲ့လူတွေရဲ့လက်ထဲမှာစိတ်ချလက်ချ အပ်နှံနိုင်ခဲ့တယ်//"Sehun shi, ကျွန်မငဲ့ပေးမယ်နော်"
"Ah!~ Komarwo!"Sehunရဲ့လက်တစ်ဖက်က လုပ်ဖော်ကိုင်ဖက်အမျိုးသမီးငဲ့ပေးနေတဲ့ဆာကေးအရက်ခွက်ကိုကိုင်ထားရင်းကျန်တစ်ဖက်ကတော့ဘယ်သူမှမမြင်နိုင်သည့်ခုံအောက်ဘက်မှာဘေးခုံတွင်ထိုင်နေတဲ့Baekhyunရဲ့လက်တစ်ဖက်ကိုဆွဲယူဆုပ်ကိုင်ထားသည်။
BaekhyunကSehunကိုင်ထားတဲ့သူ့လက်တစ်ဖက်ကိုအသာရုန်းထွက်ကြည့်တော့ Sehunကပြန်ဆွဲယူလိုက်သည်။//တစ်ဖန်ထပ်ပြီးချစ်မိတာက ကျွန်တော်သာဖြစ်ခဲ့တယ်*နောက်တစ်ကြိမ်ငါမင်းကိုချစ်နိုင်ရဲ့လား?* //
Sehunကအရက်ခွက်ကိုကိုင်ထားရင်း ပြုံးပြုံးရွှင်ရွှင်နဲ့ဘာမှဖြစ်သလိုပဲ ချစ်သူလည်းမဟုတ် အရမ်းရင်းနှီးကြတာလည်းမဟုတ် အလုပ်တွဲလုပ်ဖူးရုံဆက်ဆံရေးမှာနှုတ်ဆက်ပွဲpartyရောက်မှ အကြောင်းပြချက်မရှိပဲ လူမမြင်အောင်လက်ဆွဲခံထားရတဲ့Baekhyunကတော့ အတွေးတွေနဲ့ချွေးပျံလာသည်။
"အာ~~ Baekhyun shi! ဘီယာထပ်ပြီး..."
"ရပြီ! ကျွန်တော့်တွက်တော်ပါပြီ...ကျေးဇူးပါပဲ"
Baekhyunချွေးစို့နေတဲ့မျက်နှာလေးနဲ့မျက်မှန်အောက်က မျက်လုံးမှေးလေးတွေမှိတ်သွားသည်အထိပြုံးပြရင်း လုပ်ငန်းဖော်အမျိုးသမီး၏စကားကိုငြင်းလိုက်သည်။//ကျွန်တော့်မှာက ဗလာနတ္ထိပြီးတော့ ကောင်းကွက်လည်းတစ်ကွက်မှမရှိဘူး...အဲ့ဒါကျွန်တော့်ဘဝပဲ...ကျွန်တော်က homoတစ်ယောက်//
ခုံအောက်ဖက်မှာအကိုင်ခံထားတဲ့Baekhyunရဲ့လက်လေးကို Sehunကအခြားသူတွေနဲ့စကားစမြည်းပြောနေရင်းဖြင့်ဖျစ်ညှစ်နေပြန်သည်။
"လိမ်ပြီ...Sehun shi,က ကာရာအိုကေခန်းကိုလည်းသွားလေ့ရှိတယ်မလား?"
"အင်း...ကာရာအိုကေခန်းကတော့..."
"......"
Baekhyunက စကားစမြည်းပြောနေတဲ့Sehunရဲ့မျက်နှာချောချောကိုငေးနေမိသည်။
YOU ARE READING
The Morning That Will Never Happen[One shot]
FanfictionSeBaek/Yaoi/18+ // adapted from the manga , Ike Reibun Sensei's ''Seiritsu Shinai Asa''//