Roses In Happiness

44 4 0
                                    

~Author~

*သူဘာလို့ကိုယ်တိုင်လာပြီးမချိန်းတာလဲ*Hanaတွေးနေမိတယ်။

သူခုလိုတခြားသူနဲ့ပို့ခိုင်းရအောင်ထိသူမကိုမနှစ်မြို့ဘူးလား?

သူမကသူ့အတွက်ကိုယ်တိုင်လာချိန်းဖို့ထိမထိုက်တန်တဲ့မိန်းကလေးလား?

သူမရဲ့ပုံစံပြောင်းလိုက်တာကိုသူမကြိုက်ဘူးလား?

အရင်ပုံစံကိုပြန်သွားရင်ကောင်းမလား?Arrဖြစ်နိုင်ဘူး။အရင်တုန်းကကိုယ့်ကိုယ်ကိုသတိမထားခဲ့မိပေမယ့်ခုတော့အဲ့ဒီပုံစံနဲ့မနေချင်ဘူး။

ရုတ်တရက်သူမခေါင်းထဲအသိဝင်လာတယ်။သူကျေနပ်အောင်၊သူသဘောကျအောင်သူမဘာလို့ကြိုးစားနေမိတာလဲ။နားလည်မပေးတတ်တဲ့၊အေးစက်စက်၊သူများစကားနားမထောင်တဲ့၊ဘဝင်မြင့်တဲ့သူ့လိုလူကဘာတွေများဆွဲဆောင်မှုရှိနေတာလဲ။

ဒါပေမယ့်သူမရဲ့မသိစိတ်ကသိစိတ်ကိုဆန့်ကျင်ခဲ့ပါတယ်။သူမတစ်ချိန်လုံးနာရီကိုပဲကြည့်နေမိတယ်။ကျောင်းဆင်းချိန်ကိုမစောင့်နိုင်တော့ပေ။

ခေါင်းလောင်းသံမည်ပြီ။

သူမလွယ်အိတ်ကိုအမြန်ကောက်လွယ်ပြီးပြေးထွက်လာခဲ့တယ်။လူတွေကတော့ထုံးစံအတိုင်းသိချင်စိတ်တွေ၊မနာလိုတဲ့မျက်နှာတွေနဲ့ကြည့်ပြီးကျန်ခဲ့ကြတယ်။

Hanaဘေးတစ်ဖက်တစ်ချက်မှာပန်းတွေရှိတဲ့လျောက်လမ်းလေးအတိုင်းလျှောက်လာရင်းChanyeolကိုရှာနေမိတယ်။

"Aish!သူဘယ်မှာပါလိမ့်"သူမတစ်ယောက်တည်းရေရွတ်နေတယ်။

သူမထောင့်ချိုးကိုချိုးကွေ့လိုက်ပြီးအော်လိုက်တယ်"Yah! Chanyeolနင်ဘယ်မှာလဲ"

သူမအသံတိတ်သွားတယ်။သူကသူမကိုနောက်ကျောပေးထားပြီးကောင်းကင်ကိုမော့ကြည့်နေတယ်။

"မင်းကအရမ်းအသံကျယ်တာပဲ"Chanyeolကလှည့်မကြည့်ဘဲပြောတယ်။

"ဒါပေမယ့်ငါကသူများတွေလိုလူရှေ့စာပေးခိုင်းတဲ့သူတော့မဟုတ်ဘူး"Hanaသူ့ကိုပြန်ချေပလိုက်တယ်။

Chanyeolလှည့်လာပြီးသူမဆီကိုလျှောက်လာတယ်။သူမနောက်ကိုမဆုတ်မိပါဘူး။သူလက်ထဲမှာပန်းရောင်နှင်းဆီတစ်ပွင့်ကိုင်ပြီးသူမဆီကိုအမြန်လျှောက်လာတာကိုသာကြည့်နေမိတယ်။

Unexpected LoveWhere stories live. Discover now